Part [15]🌺

401 23 2
                                    


ကြက်တွန်သံနဲ့ ဌက်များ တစ်ကျီကျီ အသံများကြောင့်

တိမ်ယံ တစ်နေ့တာရဲ့အစကိုနိုးထလာပြန်သည်။ မျက်လုံးများ မပွင့်သေးပင်မဲ့ သူခါးထပ်၌ တင်းကြပ်စွာဖက်ထားချင်ခံရသည်ကို ခံစားမိ၏။

သူ၏ ခါးတွင် ဤကဲ့သို့ ဖက်ထားသူမှာ တိမ်ယံခင်ပွန်းကြီးအကိုထွန်းမောင်ကလွဲ မည်သူမှာမဟုတ်ပေ။

တိမ်ယံ မျက်လုံးပွင့်ပြီး သူကိုတင်းနေအောင်ဖက်ထားသော လက်များကိုဆွဲဖယ်ပြစ်လိုက်တော့၏။

ဒါတောင် အိပ်မောကြနေသူကို
တိမ်ယံ‌ မျက်စောင်းထိုးပစ်လိုက်သည်။

တိမ်ယံစိတ်ဆိုးပြီး အကို့ကိုဂရုမစိုက်သလို့နေမိသည် နောက်ပိုင်း အခုလို့ရဲတင်းလာတော့သည်။ လူကိုအတင်းကပ်လို့ကပ်၊အရင်းကထပ်စနောက်လို့နောက်၊ အခုဆိုရင် တိမ်ယံ ပါးတွေဆိုရင် လူလစ်တာနဲ့ အသေနမ်းပစ်ကာ အသဲယားလို့ဆိုပြီး တစ်ခါတစ်လေးဆို ကိုက်ပါဆွဲလာတက်တယ်။

အရဲဆုံးကတော့ တိမ်ယံနှုတ်ခမ်းတွေအထိပါ ရန်ရှာလာတော့တာဘဲ။ အကို အဲ့လို့လုပ်တိုင်း  သူမှာ အကိုများသရဲဝင်နေသလားလို့တောင်မှတ်ရတယ်။ အရင်ကဆို ပါးတွေနှုတ်ခမ်းတွေနမ်းဖို့မပြောနဲ့ လက်တောင်ကြာကြာကိုင်တာမဟုတ်တဲ့ အကို့က အခုဆို အရမ်းအရမ်းကို ပြောင်ပြောင်ရှင်းရှင်းအရှက်မရှိ ရဲတင်းတာပါဘဲ။

အိပ်ရင်လဲ လူကိုတင်းနေအောင်ဖက်လာတာအကျင့်တောင်ဖြစ်လို့နေ၏။

တကယ်ပါ ကိုယ်ကသူမှတ်လောက်အောင် ဂရုမစိုက်ဘဲပစ်ထားမိတာ မှားတောင်မှားပြီလာလို့ တွေ့မိသည်။ ဘာလို့ဆို အဲ့စိတ်ဆိုးပြီးတဲ့ နောက်ပိုင်း လူကိုလုပ်ချက်သလို့ကိုလုပ်နေတော့တာသည်။

အိပ်နေသူကို ပစ်ထားလိုက်ပြီး ရေချိုးခန်းထဲဝင်၍ မျက်နှာသစ်သွားတိုက်လိုက်သည်။

အောက်ထပ်ဆင်းပြီး မနက်စားနဲ့နေ့လည်စား အထိပါ စတင်ချက်ပြုတ်နေသည်။

အားလုံးပြင်ဆင်းပြီးတော့ သူလဲ အလုပ်သွားဖို့ ပြင်ရန် အပေါ်တက်ဖို့လုပ်တော့...။ ထမင်းစားခန်းထဲ အမေကဝင်လို့လာသည်။

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Where stories live. Discover now