Part [10]🌺

439 25 0
                                    


သူရိန်ထွန်းမောင်တို့အုပ်စု ဘုန်းကြီးကျောင်းကိုရောက်အချိန်မှီသွားကြပြီး ဘုန်းဘုန်းများကို အာရုံဆွမ်းကပ်လှူ၍ နောင်ဘဝကိုကူးပြောင်းသွားပြီ ဖြစ်သော သူရိန်ထွန်းမောင်ရဲ့အဖေနှင့် တိမ်ယံ မွေးမေမေနဲ့ကျွေးမွေးစောင့်ရှောက်ခဲ့သော ဘွားဘွား တို့ကိုတစ်ခါထဲ သာဓုခေါ်ဆိုနိုင်ရန် ရေစက်ချအမျှပေးဝေခဲ့သည်။

တိမ်ယံ ရေစက်ချပြီးအမျှဝေရာတွင် မျက်ရည်များထိန်းထားသည်ကြားက စီးကျလာ၏။

တိမ်ယံ ဆုတောင်းပါသည် အမေနဲ့ဘွားဘွားတို့သည် တိမ်ယံပေးဝေသော ကုသိုလ်အစုစုကြောင့် နောင်ဘဝများတွင် သူတော်ကောင်းများနဲ့တွေ့ရပါစေ၊ ပျော်ရွှင်သော မိသားစုနဲ့ဆုံတွေ့ကြပါစေ။ မေမေကိုလည်း ကိုယ်ကလည်းချစ်ပြီ ကိုယ်ကိုပြန်ချစ်သော သစ္စာရှိသော လူကောင်းများနဲ့ တွေ့ရပါစေလို၏...။လို့ တိမ်ယံ ‌ဆုတောင်းပေးလိုက်သည်။

ဘုန်းဘုန်းတရားနာပြီတော့ အစ်ကိုထွန်းမောင်က တိမ်ယံပါးပေါ်က မျက်ရည်စီးကြောင်းများကို တယုတရ သုတ်ပေးပြီး လက်ကိုဖွဖွလေးကိုင်၍ နှစ်သိမ့်ပေးသည်။

သူလည်း အစ်ကိုထွန်းမောင်ကိုကြည့်ပြီး ပြန်ပြုံးပြလိုက်တယ်။

ထို့နောက် သူရိန်ထွန်းမောင်တို့ထံ ဖိတ်ကြားထားသော သူများ တစ်ဖွဲ့ဖွဲ့ရောက်လာကြ၍။ ‌နှစ်ယောက်သား နားရတယ်မရှိအောင် လိုက်ဧည့်ခံနေရတော့သည်။

မင်းခတို့အုပ်စုမှာလည်း စားပွဲထိုးများသဖွယ်ပြေးရလွှားရနဲ့ ရှိုးထုတ်ချိန်တောင်မရ ဝင်ကူနေရသည်။

ဖိတ်ကြားထားသူများမှာ လာရောက်ကြသူအများစုမှာ သူရိန်ထွန်းမောင်ရဲ့ လုပ်ငန်းစုမှစီးပွားရေးဆက်တူလုပ်ကိုင်ဖူးသူများနဲ့ လုပ်ခေါ်ကိုင်ဖက်များဖြစ်ကြသည်။

အစ်ကိုထွန်းမောင်နဲ့ဒေါ်လေးကတော့ တိမ်ယံကို လာသမျှအသိမိတ်ဆွေများနဲ့ တစ်ယောက်တစ်လှည့်ဒိုင်းကန်ဆွဲကာ

'ဒါကျမသားရဲ့ အိမ်ထောင်ဖက်ပါ။

ဒါကျတော့် ရဲ့ အိမ်ထောင်ဖက်ပါ"ဟူ၍

ချစ်ရသူရဲ့ ရင်ခွင်ရိပ်🍃 [BL]Where stories live. Discover now