"  ဟုတ်ကဲ့ပြောပါ "

" ကိုယ်ပါ ရှောင်တင်းနီ "

" ဟမ်!..တကယ်ကြီး "

  သခင်လေးရှင်းဆက်မစားတော့ပဲ ခြံထဲဆင်းသွားသည်။

" သခင်လေး! "

  ဘယ်သူဆက်တာမို့ အသဲအသန်ဖြစ်သွားရပါလိမ့်

  ရိရှင်းခြံထဲရောက်တာနဲ့ ဆိုဖာပေါ်ထိုင်ကာ
စကားဆက်လိုက်သည်။

" ကျွန်တော်ဆီဆက်လာမယ်လို့ မမျှော်လင့်ခဲ့ဘူး "

" ကိုယ်လည်း Fanဆီကိုဒါပထမဆုံးဆက်ဖူးတာပဲ "

" ဘာကြောင့်လဲ "

" အကြောင်းပြချက်မရှီဘူး ဒီအတိုင်း
နှလုံးသားစေရာနောက်လိုက်တာ "

" ဗျာ!.."

"ကိုယ်ကိုလိုက်တဲ့သူတွေပေါတယ်
မင်းလည်း ကိုယ်ကိုလိုက်မယ်ထင်တာ
ဒါပေမဲ့ ကိုယ်ထင်တာလွဲသွားတယ်
ကိုယ်ဖုန်းနံပတ်ပေးတာတောင်
မင်းဆက်မသွယ်လာခဲ့ဘူး
မင်း ကိုယ့်ကိုသိပ်မရူးပဲ  "

idolနောက်ကိုအရူးအမူးလိုက်တာကိုဆိုလိုချင်တာလား
ကျွန်တော်လည်း ရူးခဲ့ပါတယ် ကြောက်လို့ပါ

" ဟော့ ဘာလို့ငြိမ်သွားတာလဲ "

" ကျွန်တော်လည်း တင်းနီကိုအရူးအမူးကြိုက်တာပါ "

  တင်းနီရယ်သံကိုကြားနေရသည်။

" မင်းကိုယ့်ကို ဝတ်ကျေတန်းကျေ ပြန်ဖြေနေသလိုပဲ

" မဟုတ်ပါဘူး တကယ်ပြောတာပါ
တင်းနီကအရွက်မကြိုက်ပေမဲ့ သစ်သီးကြိုက်တယ်
crazy colorက White အင်တာဗျူးဖြေရင်
ဟန်ဆောင်မှုမရှီပဲ ပွင့်ပွင့်လင်းလင်းဖြေတက်တယ်
တင်းနီမွေးနေ့က ၅ရက်၁၀လပိုင်း ၂၀၀၀ခုနှစ်
တင်းနီလှုပ်ရှားမှုတိုင်း ကျွန်တော်မလွတ်မတမ်း
ကြည့်နေတာပါ "

" TVမှာကြည့်ရုံနဲ့ မပြည့်စုံသေးဘူး
ကိုယ့်အကြောင်းပိုသိအောင် အပြင်မှာခဏခဏဆုံသင့်တယ် "

" ကျွန်တော်နဲ့!..အပြင်မှာ.."

" အင်း "

" ဘယ်လိုဖြစ်နိုင်မှာလဲ  "

" ဒီတစ်ပတ်စနေ ရုပ်ရှင်ကြည့်မယ် "

" တကယ်! "

" အင်း ကိုယ်လာခေါ်မယ် "

  တင်းနီပြောပြီးဖုန်းချသွားသည်။ ရှင်းလေး
မယုံကြည်နိုင်ဖြစ်နေစဥ် ရှောင်လေးက
ထမင်းပန်ကန်ယူလာကာ သူနားရောက်လာသည်။

" ဖုန်းပြောတာကြာလိုက်တာ ပါးစပ်ဟ "

  ရှောင်လေးကခွံတော့ ရှင်းလေးစားလိုက်သည်။

" ဘယ်သူ့ဖုန်းလဲ "

" မပြောဘူး "

" ဘာ ဒီကလေး လျို့တယ်ပေါ့ "

  ရှောင်လေးက ဂျိုင်းလာကလိထိုးတော့
ရိရှင်း တခစ်ခစ်ရယ်မိသည်။

" ယောက်ဖ ထမင်းစားနေတာကိုး "

" အစ်ကို့ကို လျို့ချင်တယ်ပေါ့
အန်ထွက်သွားအောင်လုပ်ပစ်မယ် "

" ဟားဟား မပြောဘူး "

  သခင်လေးဒန်းပေါ်ကဆင်းပြီး အိမ်ထဲပြေးဝင်သွားသည်။

"  သခင်လေး မပြေးနဲ့! "

  ဝရန်တာကနေ ရိပေါ်လှမ်းကြည့်ရင်းပြုံးမိသည်။
သူ့ချစ်သူက ဟိုရှောင်သခင်လေးလို့ စည်းစိမ်မရှီပေမဲ့မေတ္တာအပြည့်အဝရှီသည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now