Part-(14)uni

909 82 3
                                    

"အဆင်ပြေရဲ့ လား"

"အဆင် မပြေစရာ အကြောင်းမှ မရှိဘဲ"

Yoongi ကားတံခါးကို ကိုယ်တိုင်ဖွင့် ကာဝင် လာသော J &K ၏ အကြီးအကဲ ဆိုသူကိုပေစောင်းစောင်းဖြင့် တစ်ချက် ကြည့် လိုက်သည်။

ထွက်သွားတုန်းက ရက်ကျော်နေသည့် ခရမ်းသီးလှည်းဘီး တက်ကြိတ်ထားသလို ပိန်လိန်နေသည့် မျက်နှာနှင့်

ပြန်လာတော့ မျက်နှာက ပျားရည်ဆမ်း ထားသည့် အုန်းနို့ကြီး အတိုင်း ပြုံးချိုနေလိုက်တာ ဆီးချိုတွေတောင် ဖြစ်နေပြီလားဟု သံသယဝင်မိသည်အထိ

သို့သော် ပါးပြင်ပေါ်က လက်ငါး ချောင်းရာ ကို ကြည့် ပြီး တရားတွေ ရသွားမိတာတော့ အမှန်ပင်

"အင်း...ထင်ပါတယ်
စာချုပ်ကိစ္စကရော"

လက်ရှိတွင် J& Kကို အတူတကွ ဦးစီးပေးနေတာ Yoongi ဖြစ်နေသည်မို့ မေးလိုက်ခြင်းပင်

"မချုပ်စရာလား"

"သြော်...အေး"

Seok Jin hyung ပြောသည့် စကားများကို ပြန်ကြားယောင်မိသည် ။
Jeon Jung Kook တို့ဆင်ဖမ်းမယ် ကျားဖမ်းမယ်နှင့် လင့်မျက်နှာလည်းမြင်လိုက်ရော် ခြင်တစ်ကောင်တောင် အလွဲလွဲ အချော် ချော် တွေ ဖြစ်ကုန်သည်ဆိုတာ

"ဘယ်သွား ဦးမှာလဲ"

"ကျွန်တော့် အိမ်လေးဆီ ခဏ သွားကြည့် ချင်တယ် ညနေဘက်လောက်ပါ
ကျွန်တော် တစ်ယောက်တည်းပဲ
အစ်ကိုတို့ကို hyung မပြောပါနဲ့"

ဒါ ကြိုတင်နှုတ်ပိတ်ခြင်းပါ

"Jung Kook မင်းလူလုံးထွက်ပြ လိုက်တာနဲ့ ဘယ်လောက် အန္တရာယ် များနေပြီ လဲ သိလား"

"ကျွန်တော် သိပါတယ်
ဒါပေမယ့် တစ်ခါလောက်တော့ သွား ကြည့် ချင်သေးတယ် "

အတိတ်တွေဆိုတာ ရုန်းထွက်မယ်လို့ ပြောလိုက်သည်နှင့် အပြော တွေကသာ လွယ်တာ
အမှန်တကယ်မှာတော့ လေတိုက်တာ သစ်ရွက်လှုတ်တာ အတိတ်နဲ့ ဆင်တဲ့ ပတ်ဝန်းကျင် ကအရာတွေကို ဆိုးဆိုးကောင်းကောင်း မြင် မိလိုက်တာက
အစ အတိတ်ဝဲဂယက်ကို ဆွဲချသွားတတ်တာမျိုး

Yoongi နားလည်ပေးနိုင်ပါသည် သည်ကလေး၏ စိတ်ဒဏ်ရာ တွေကို

"ကောင်းပြီတစ်ခုခုဆို အချက်ပေး လိုက်
ဒီ ည အဲဒီပတ်ဝန်းကျင်မှာ လူချပေး ထားမယ်
hyung ပါ အနီး အနားက hotel မှာ ရှိနေမယ်"

အလႊာ (အလွှာ)(Completed)Where stories live. Discover now