Part-(12)uni

788 67 4
                                    

"Daddy သိနေတာမဟုတ်လား
ငယ့်ကို Daddy ဘာလုပ်လိုက်တာလဲ"

အကျီကြယ် သီး necktie တို့ကို ဖရိုဖရဲ ဖြုတ်ကာ အိမ်ထဲဝင်လာသည့် နှင်းဆီလေး ဟာ အလောတကြီး
အနောက်မှ အင်္ကျီ လက်၏ ကြယ်သီးတစ်ဖက်မရှိတော့စွာ Nam Joon သည် လိုက်ပါလာခဲ့သည်။

Daddy သည် ဟန်ရေးမပျက် ဖုန်းသုံးနေခဲ့ရာမှ မော်ကြည့် လာသည်။

"ဘာတွေ ပြောနေတာလဲ သည်းငယ်
Daddy နားမလည်ဘူး"

အိပ်ပျော်ချင်ယောင် ဆောင်နေတာက နှိုးရခက်မည်ပေါ့

"Daddy ဘာ့လို့ အဲလို လုပ်တာလဲ သားနားမလည်ဘူး
ပြီးတော့ သားနောက်ကို ဘာ့လို့ လူလွှတ်ထားရတာလဲ"

"ဒါက ဖျော်ဖြေ ရေးလေးတစ်ခုပဲလေ သည်းငယ်
Daddy ကိုတောင် ဘာမှမဟုတ်တဲ့ ဒီဖျော်ဖြေရေးကိစ္စလေး တစ်ခုနဲ့ ဘာ့ကြောင့်စိတ်ဆိုးနေရတာလဲ
သည်းငယ် ဘာကို စိတ်တိုင်းမကျ ဖြစ်နေတာလဲ
Daddy မသိတဲ့ ကိစ္စတစ်ခုခုများ သည်းငယ် လုပ်ထားလို့လား"

နှင်းဆီလေး မျက်နှာသည် ပျက်ယွင်းသွားရသည်။
ဘယ်တုန်းက မှ သူနှင့်ဆန့်ကျင်ဘက်တွေ ကိုမလုပ်ဘဲ သူ့အကြိုက် လိုက်ခဲ့ သည့်Daddyသည် သည်ကိစ္စကိုတော့ သူနှင့်ဆန့်ကျင်ဘက်သို့ ဦးတည် နေပြီဆိုတာ နှင်းဆီလေး သဘော ပေါက်မိသွားရသည်။

"သား သူ့ကို ချစ်တယ် Daddy"

Daddy မျက်ခုံးတန်းတွေ ပင့်တက်သွားရကာ နှင်းဆီလေး ကိုကြည့်လာသည်။
အချိန်မကျသေးတာ သိသော်လည်း မပြောလို့ မဖြစ်တော့တဲ့ အခြေအနေတစ်ခု ဖြစ်နေတာမို့ ပြော လိုက်ရခြင်းပင်

"ချစ်ပေါ့ Daddy က မချစ် နဲ့ လို့ မပြောပါဘူး
ဒါပေမယ့် သူ့ကို လက်ထပ်လို့တော့ မရဘူး သည်းငယ် "

Daddy စကားတွေက ထူးဆန်းပြီးရင်းထူးဆန်းနေသည် ။

"ဘာ့ကြောင့်လဲ Daddy သူကဘာဖြစ်နေလို့လဲ "

"သူက သားဘဝကို အထောက်အကူ ဖြစ်မယ့်သူ မဟုတ်လို့ ပဲ

သည်းငယ် ကို Daddyတို့ ဘယ်လိုထားလဲ သည်းငယ်အသိ

ဘာဘဝအာမခံချက်မှမရှိဘဲ သည်းငယ် ကို စိတ်မချရတဲ့သူလက်ထဲ ထည့်မပေးနိုင်ဘူး"

အလႊာ (အလွှာ)(Completed)Where stories live. Discover now