Part-(2)uni

1.2K 104 2
                                    


"ပြန်ရောက်လာပြီလား"

Namjoon ဧည့် ခန်းထဲတွင် ထိုင်နေသော သူ့ကိုပင် မတွေ့တော့သည့် အလား စိတ်နှင့်ကိုယ် မကပ်စွာ ဝင်လာသော Jimin ကြောင့် သူကပဲ နှုတ်ဆက်လိုက်သည်။

မည်သို့မျှ ခွန်းတုံ့မပြန်နိုင် စွာ အတော်လေး ဖြူဖျော့ နေသည့် နှင်းဆီအရောင် တွေဟာ အိမ်မှ ထွက်ခွာ သွားသည့် ငါမှငါဆိုသည့် ဝံ့ချီနေတဲ့ အရာတွေသည် ပျောက်ကွယ်လုနီးပါး

သည်အခြေအနေ တွေကို Park Jimin ဆိုသည့် သည်လူသား လေးမှာ မတွေရသည့် အချိန်တွေသည် အတော်ပင်ကြာခဲ့ ပြီ

သည်အခြေအနေ ကို မရောက်အောင် လည်း သူ ငွေအင်အား လူအင်အားတွေ အများ ကြီးသုံးပြီး မရ ရအောင် ဖန်တီး ယူ ခဲ့ ရတာ

အခန်းတစ်ခု ထဲဝင်သွား တဲ့ အနီရောင် နှင်းဆီ ငယ်ဟာ အကောင်းစား ဝိုင် ပုလင်းတစ်လုံးကို ဆွဲယူ လာပြီးကောက် မော့ နေခဲ့သည်။

ဘေးပတ်ပတ်လည်မှာ ဘယ်သူမှ မရှိနေသည့်အလား
ကြာတော့ Namjoon မနေသာတော့

"ဘာဖြစ်လာတာလဲ Min"

"သေပြီဆို"

"....."

အဆုံးအစမရှိတဲ့ မေးခွန်းက ဘာကိုဆိုလိုချင်မှန်း လုံးဝနားမလည် ခြင်းတော့ မဟုတ်ခဲ့
အတိတ်တစ်ခု ၏ ရှုတ်ထွေးနေသော ကြိုးစ တွေ ကြားမှ အစတစ်ဖက်စွန်းကို ဆုပ်ကိုင်ပြလာပြီး ဒါဘာတွေလဲလို့ လာမေးနေသယောင်

"ငယ် က သေပြီဆို"

နားအနား ကပ်ပြီးပြင်းအားမြင့် ဖောက်ခွဲရေးပစ္စည်းတစ်ခု ပေါက်ကွဲသွားသည့်အလား
ကြားလိုက်ရသော စကား များသည် NamJoon အတွက်တော့ ချိုမြိန်မနေခဲ့
ပျက်ယွင်းလုလု ဖြစ်နေတဲ့ မျက်နှာ ကို အလျှင်အမြန် ဖမ်းထိန်းလိုက်ပြီး

"သေ..သေပြီလေ
ဘာဖြစ်လို့ လဲ"

"ဟုတ်လို့ လား ကိုကြီး"

နှင်းဆီအရောင် တွေသည် မျက်ဝန်းလှလှတွေအပေါ်မှာ ပို၍ ထင်ဟပ်နေခဲ့သယောင်
ကင်းထောက်နေတဲ့ မျက်ဝန်းတွေဟာ ထွက်ပြေးလို့ ဘယ်လိုမှ မလွတ်မြောက်နိုင်သော ထောက်ချောက်တွေနှင့်

"Min အရှေ့မှာသေ သွား ခဲ့တာပဲ လေ
ဒါကို ဘာဖြစ်လို့ ကိုကြီးကိုတရားခံလို လာမေးနေရတာလဲကွာ"

အလႊာ (အလွှာ)(Completed)Where stories live. Discover now