Part-(18)Ending

245 11 0
                                    

တစ်နှစ်ခန့်ကြာသောအခါ

ဧည့်ခန်းထဲတွင် ရှိနေသော ကြီး မားသည့် မိသားစု မင်္ဂလာ ဓာတ်ပုံ ကြီးကို Jeon ကော်ဖီ တစ်ခွက် ဖြင့် တစိမ့်စိမ့်အရသာ ခံပြီး ကြည့်နေခဲ့သည်။

ဓာတ်ပုံထဲ မှာ မင်္ဂလာ သတို့သား နှစ်ယောက်သည်ဆိုဖာ နောက်အလည်တည့်တည့်တွင် ပြုံးရွှင်စွာရပ်နေခဲ့ ကြသည်။

ဆိုဖာ ပေါ်တွင်တော့ Designer ကြီးက သတိုးသား များနှင့် အပြိုင် အလန်းဆုံးသော အပြင်အဆင်တွေ အမိမိုက်ဆုံး ဟန်ပန်တွေဖြင့် post ပေးလျှက်

Designer ကြီး၏ ဘေးတွင်တော့ ပါရဂူကြီးသည် အနေခက်နေဟန် ရှက်ကိုးရှက်ကန်းဖြင့် ထိုင်နေလေသည်။
သို့သော် ပါးချိုင့်ကြီးတွေပေါ်အောင် ရှက်နေသည့် ကြားမှ ပြုံးပြနေပါသေးသည်။

ဆိုဖာ၏ ညာဘက်ဘေးတွင်တော့ Yoongi hyung သည် တောင့်တောင့်ကြီး အိပ်ချင်မူးတူးဖြင့် ရပ်၍ နေခဲ့ လေသည်။

ဘယ်ဘက်ခြမ်းတွင်တော့ ဒုရဲအုပ်လေးသည် ဆရာဝန်လေး၏ လက်ကို ဆွဲချိတ်ကာ အကျေနပ်ကြီး ကျေနပ်လို့

ပုံကို ကြည့်ပြီး အတိတ်၏ ဝမ်းနည်းစရာ အရိပ်တွေ ကိုပြည်ဖုံးကားချထား ကာ
နေ့သစ်အလင်းသစ်တို့ကို ဆောင်ကျဉ်းထားတဲ့ မင်္ဂလာ ပုံကြီးသည် ပုံပိုင်ရှင် အတွက် တော့ အေးအေးချမ်းချမ်ုးဖင့် စိတ်ကြေနပ်ဖွယ်ရာအတိ ဖြစ်လို့ နေခဲ့လေသည်။

Jeon ခပ်ပါးပါး လေး ပြုံးကာ ကော်ဖီခွက်ကို ဧည့် ခန်းစားပွဲ ပေါ်သို့ တင်လိုက်ပြီး အပေါ်ထပ် သို့ ခြေလှမ်းတွေ ကိုလှမ်းလာခဲ့ လေသည်။

လှေကား အချိုးအကွေ့ တွေတွင် နှင်းဆီပန်းအိုးလေးတွေ ဖြတ်ကျော် သွားသည့် အိမ်၏ ပြတင်းပေါက် ဘောင်လေး တွေမှာ နှင်းဆီပန်းအိုးလေး များကသာ နေရာယူထားကြသည်။

မဟူရာေ ရာင် မွေ့ယာ ကြီး တစ်ဖက်ခြမ်း မှာ အနက်ရောင် စောင်ကြီး ကို ခြုံ ပြီး ခပ်ကွေးကွေးလေး အိပ်နေသူကို ကြည့် ပြီး Jeon စိတ်လိုလက်ရ ပြုံးမိသွားသည်။

ကုတင် ဘေး မှ ထိုင်လိုက်ပြီး ခေါင်း လေးကို ခပ်ဖွဖွလေး ဖိပွတ်လိုက်ကာ

"ထတော့ လေ ချစ်ဆုံး ဘယ်ချိန်ထိအိပ်နေမှာလဲ"

အိပ်နေသူသည် မကြားဟန်ပြုကာ တစ်ဖက်သို့ လှည့်ပြီး ပြန်အိပ် သွား ပါတော့သည်။

အလႊာ (အလွှာ)(Completed)Where stories live. Discover now