Part-(6)uni

815 66 0
                                    


ရပ်ကွက်ထဲသို့ တန်ဖိုးကြီး ကား ကြီးတစ်စီး ထိုးဆိုက်လာသည်နှင့် အားလုံး၏ အာရုံတွေသည် ထို ကားဆီသို့သာ ရစ်ဝဲသွားရသည်။

သူတို့ ရပ်ကွက် သူတို့ ပတ်ဝန်းကျင်တွင် သည်လိုကားမျိုး စီးနိုင်သူ မရှိသောကြောင့် ပင်

ကားတံခါးဖွင့်သည်နှင့် Leather shoe တစ်ဖက် ချလာကာ ခြေတန်သွယ်သွယ်လေးနှင့် အတူ
လူငယ်ဆန်ဆန်shirt ပေါ်တွင် coat ကို ကြယ်သီး မတပ်ဘဲဝတ်ဆင် ထား ကာ pant အနက်တစ်ထည် ကို ဝတ်ဆင်ထား သည့် အမျိုးသားလေး ကို မြင်လိုက်ရသည်နှင့် ကြည့် နေကြသော သူများမှာ အသက်ရှူ ရပ်မတတ် ဖြစ်သွားကြသည်။

ဆံပင်တွေကို အပြောင်သိမ်းတင်ထားကာ နေကာ မျက် မှန်ကို ဟန်ပါပါ တပ်ထားတဲ့ သက်ရှိအလှတရား က တော့အတော်လေး စိတ်အိုက်နေဟန်

"ကျွန်တော် တို့ မရောက် သေးဘူးလား ဗျာ"

"ရောက်တော့ မှာ ပါ သခင်လေးရဲ့
ကျွန်တော်တို့ တွေ့ရမယ့် မြေပိုင် ရှင်တွေက တစ်ယောက်တည်း မဟုတ်ဘူးလေ
တစ်စုတစ်စည်း တည်း ဖြစ်အောင် ရပ်ကွက် အကြီး အကဲကို အကူအညီ တောင်းထားပါတယ်"

စိတ်မရှည် ဟန်လေပူကို တစ်ချက် မှုတ်ထုတ်လိုက်သော သခင်လေး၏ ဟန်ပန်သည် မြင်ရခဲလှသည့် အခြေအနေရယ်မို့ တမေ့တမော ငေးကြည့်ရသည်အထိ

သခင်လေးဆိုသည့် ဖြစ်တည်ခြင်းလေးတွင် စိတ်ခံ စား ချက်အလိုက် ဖြစ်ပေါ်လာသောအမူအယာတွေ အားလုံးဟာ ဘယ်လို မှ အကျဉ်းတန်သည်ဟု မြင်လို့မရတာ မွေးရာပါ ထူးကဲ လှသည့် ပါရမီ တစ်ခု ဖြစ်ပါလိမ့်မည်။

"ဒယ်ဒီက မမိုက်ပါဘူး ဗျာ
ကြိုက်ဈေးပေးပြီး ဝယ်တာပဲ

သဘောတူတယ်ဆို
ရှေ့နေခေါ်လာပြီး စာချုပ်ချုပ်
အရှုတ်အရှင်း ကင်း ရင် ငွေချေ ပြီးနေတာပဲကို

ဘာလို့ များ ဒီလောက်လွယ်တဲ့ကိစ္စကို ရှုတ်အောင်လုပ်နေလဲ မသိဘူး"

အိမ်မှာကတည်း က မကျေလည်သော ကိစ္စများသည် ရပ်ကွက်ထဲ ရောက်လာသည် အထိ ပင် ကျေလည်နေပုံ မပေါ်သေး

အတွင်းရေးမှူး ကြီး ပြုံးကာသခင်လေးကို ထီးဆောင်း ပေးလိုက် တော့ ရာသီဥ တုမသာမယာ မျက်နှာနှင့် စောင်းငဲ့ ကြည့်လာသည်။

အလႊာ (အလွှာ)(Completed)Where stories live. Discover now