သူ့ကို စိတ်ကင်ဆာပေးသွားသော လက်ပိုင်ရှင်အား ကြည့်လိုက်တော့ ပီကေကိုဝါးကာ သူနှင့် အားပြိုင်ကာ မိုက်ကြည့်ကြည့်နေပါသော လူတစ်ယောက်

"ဒီမှာ... Taeယူဖို့လုပ်နေတယ်လေ"

"Hope ယူလိုက်ပြီလေ
Hope လက်ထဲကို ရောက်တဲ့ဟာ Hope ဟာပေါ့"

အဆင်မချောလှသည့် ဖြေရှင်းချက် မှာ အာရုံတွေသည် အတော်လေး နောက်ကျိသွားရသည် ။

ဒါ လေးက ဘာလေးလဲ
မျက်ခုံးတွေကို ကုတ်ခြစ်ပြီး

"တစ်ဖက်လူ.ယူဖို့လုပ်နေတာလေ
နည်းနည်းပါးပါး လေးစားမှု လေးရှိသင့်တာပေါ့"

"လေးစားပေးရမယ်
ကိုယ့်ဟာကိုယ် အစွမ်းအစ ရှိရင်ရအောင်ယူလေ
ကိုယ်ကတော့ အဖြစ်မရှိဘဲ လေးစားမှု ဆိုတဲ့ စကားကို အသုံးမချနဲ့ "

တော်တော်ရိုင်းသည့် အရိုင်းအစိုင်းလေးဟု စိတ်ထဲမှ ထောပနာပြုလိုက်သည်။

"ဒီမှာ မင်းယူချင်ယူလိုက်
လူကို လာမစော်ကားနဲ့ ဦးထုပ်တစ်လုံးကို ပြိုင်လုနေရအောင် မင်းလို ကလေးကလား မဟုတ်ဘူး ရှင်းလား
ဘယ်လိုတောင် ရိုင်းနေတာလဲ
တစ်ခါမှမတွေ့ဖူးဘူး"

"Hope ကို ကလေးကလား လို့ ပြောချင်တာပေါ့
ဒီမှာ လူကြီးလူကောင်းရဲ့

ခင်ဗျား လို ဘာမဟုတ်တဲ့ ကိစ္စနဲ့ ရန်တွေ့နေတဲ့ လူကြီးလူကောင်းကိုလည်း
Hope တစ်သက်မမြင်ခဲ့ဖူးဘူး"

မတိုးမကျယ် အသံတွေကြောင့် Mall ထဲမှ လူများက ကြည့်လာကြသည်။

အရောင်းဝန်ထမ်း လေး မှာလည်း ဘယ်လိုဖျန့်ဖြေရမှန်းမသိဖြစ်နေသည်။

တစ်သက်လုံး သိက္ခာ ရှိရှိနှင့် နေလာခဲ့သမျှသည် သည်တစ်ယောက်နှင့်မှ တုဘက်ပြိုင်လို့ ဘာ့ကြောင့် ရန်ဖြစ်ချင်နေမှန်းမသိ
Tae ညစ်ကျယ်ကျယ် ပြုံးလိုက်ပြီးစွာတေးလန်နေပါသောအရှေ့မှ လူသားကိုကြည့်ကာ

"ငါ့ကိုယ်ငါ လူကြီးလူကောင်းလို့လည်း မပြောမိပါဘူး
ဒီမှာ မင်းအထင်သေးနေတဲ့ ငါက မင်းထင်ထားတာထက် အများကြီးလုပ်နိုင်တယ်ဆိုတာသိလား"

"လေတွေမိုးတွေ တိုက်လိုက်တာများ"

"ဘာ!အင်း သက်သေပြရတာပေါ့ လာထား"

အလႊာ (အလွှာ)(Completed)Where stories live. Discover now