Chapter19(Unicode+Zawgyi)

Comenzar desde el principio
                                    

'ဟုတ်ပါပြီဗျာ...ဒါဆိုလဲမောင်ဝေးကိုမနှောက်ယှက်တော့ဘူးနော်....ဝေးအေးဆေးနေ...နောက်မိနစ်သုံးဆယ်လောက်ကြရင်တော့အဆင်သင့်ပြင်ပြီးဆင်းခဲ့နော်.. .'

'အင်း...'

'မွ..လိမ်မာလိုက်တာ '.

ေဟာ...ပြောပြောဆိုဆိုနဲ့ထိုသူဟာသူ့အမူအကျင့်အတိုင်းအဝေးပါးကိုသူ့နှုတ်ခမ်းတွေနစ်ဝင်သာ်အထိနမ်းရှုံသွားပြန်ပါသည်...

နေရမကြပ်ပေမဲ့နေရခက်တဲ့ခံစားချက်မျိုးလဲမဟုတ်ပေမဲ့ဝေးဒီလိုအနမ်းတွေကိုမလိုချင်ပါ...

မောင်စီကအနမ်းတပွင့်ရတိုင်းအဝေးရင်ထဲတင်းကြပ်မှုတွေပိုတိုးလာလို့.....

ထားပါ....ခုကဝေးခံစားချက်တွေရှေ့တန်းတင်ရအောင်ဝေးကအဖြစ်ရှိတဲ့လူမှမဟုတ်ဘဲ....

သက်ပြင်းမောတစ်ခုချရင်းဘေးနားမှာမောင်တင်ပေးထားတဲ့အဝတ်တို့အားလက်နဲ့လိုက်စမ်းမိသည်....

စောနကတင်ရှိသေးတဲ့ဟာ..ခုကဘယ်ရောက်သွားတာလဲ...?.

'ရှာနေတာဒါထင်တယ်....'

မိန်းကလေးတစ်ယောက်အသံ....

သူကဘယ်သူလဲ...?သူ့အသံကိုတခါမှမကြားဖူးပါဘူး...

'ခင်ဗျားကဘယ်သူလဲ...?ဘာကြောင့်ပိုင်စိုးပိုင်နင်းနဲ့အခန်းထဲဝင်လာတာလဲ...?'

'အာ....ဆောရီး...ကျွန်မလည်းအစကတံခါးခေါက်မလို့ပါဘဲ...ဒါပေမဲ့အပြင်ကနေလှမ်းကြည့်တော့ရှင်ကအတွေးများနေတာနဲ့ရှင့်ကိုအနှောက်အယှက်မပေးချင်လို့ဒီတိုင်းရပ်စောင့်နေလိုက်တာ....'

'မင်းမိန်းကလေးမဟုတ်ဘူးလား...?ယောက်ျားလေးတစ်ယောက်အခန်းထဲကို...မင်းဝင်မလာသင့်ဘူးလေအမိ....သွားခု...ထွက်သွား...'

'တောင်းပန်နေတာကိုတောင်ခွင့်မလွှတ်ပေးနိုင်တာ....နားလည်ရခက်လိုက်တာ...ကျွန်မကဘာလုပ်မှာမို့ခုလိုလာအော်နေရတာလဲ...?'

'ဒီမှာအမိ..မင်းကိုလဲငါမသိဘူး...ပြီးတော့မင်းခုလိုလုပ်ရက်ကမှားနေတာတောင်ခုထိဘဝင်လေဟပ်နေသေးတာလား...'

'အောဟော......ဟုတ်လား....ရှင်ကြတော့ရော....ဇီဇာကြောင်ပြီးလေကျယ်နေတဲ့သူဘဲလေ...'

Love  or hateDonde viven las historias. Descúbrelo ahora