" အရသာ ဘယ်လိုနေလဲ? ချိုလား? "ချင်ရှောင်း အပြုံးလေးနဲ့ လင်ရှီးကို မေးလိုက်၏။

အဲ့ဒါက လင်ရှီး အရင်က စားရတာကြိုက်တဲ့ ခရင်မ်ကိတ်‌တော့မဟုတ်ပါချေ။

သူ အရင်ကစားဖူးတဲ့ဟာက ချိုမြိန်ပြီး ဒီနေဟာနဲ့မတူပါဘူး။ ချိုတယ်မပြောနဲ့ ငံပြီးစေးကပ်ကပ်နဲ့ဆိုတာ အသိသာကြီး။ သူ လုံး၀မစားချင်ပေါင်။

လင်ရှီး ချင်ရှောင်းရဲ့ မဲမှောင်နေတဲ့ မျက်လုံးတွေအောက်မှာ နှလုံးသားက ဆန္ဒမရှိသော်ငြား ရဲတွတ်နေတဲ့ မျက်လုံးလေးတွေနဲ့ ခေါင်းငြိမ့်ပြပြီး ချိုချိုသာသာပြောလိုက်ရတော့သည်။

" ဒါဆို နောက်တစ်ကြိမ် စားချင်သေးလား? " ချင်ရှောင်းမှာ စိတ်ရှည်ရှည် စနစ်တကျလမ်းပြနေတဲ့ အသွင်နှင့်။

လင်ရှီး ခေါင်းကို ပြင်ပြင်းထန်ထန်ခါလိုက်ပေမဲ့ အနည်းငယ်ပြောင်းလဲသွားတဲ့ ချင်ရှောင်းရဲ့ ကြည့်ကို မြင်လိုက်ရတော့ ချက်ချင်း ခေါင်းကိုငြိမ့်လိုက်၏။

ခရင်မ်ကိတ်တွေကို စားပြီးတဲ့နောက် နောက်ကျရင် သူ့ကိုပေးဖို့ ချင်ရှောင်းကို ဒီလိုခရင်မ်ကိတ်တွေကို လုပ်ခွင့်မပြုတော့ဘူးလို့သာ လင်ရှီး စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တော့တယ်။

ဒါပေမဲ့ သူ့ရဲ့ ဒီအတွေးက ဖြစ်မဖြစ်ဆိုတာကတော့ နောက်မှပေါ့။

ခင်ပွန်းနဲ့ ဇနီးသည် နှစ်ယောက်ကြားက ဆက်ဆံရေးက အမြဲတမ်း ဒီလိုမျိုး ချိုမြနေတော့တာပဲ။

ချိုမြိန်မှုရဲ့ အပြင်ဘက်မှာတော့ ကိုယ့်အလုပ် ကိုယ်လုပ်ကြရသည်။

လင်ရှီး အပြင်မှာဘာလုပ်နေသလဲဆိုတာ ချင်ရှောင်းကိုပြောပြစရာမလိုပေ။ သူ့အနောက်ကိုလိုက်နေတဲ့ အစောင့်က ချင်ရှောင်းထံ အခြေနေတွေကိုတင်ပြလိမ့်မည်။

တစ်ခါတစ်လေမှသာ လင်ရှီးလည်း နည်းနည်းပါးပါး ပြောလေ့ရှိသည်။

ချင်ရှောင်းအနေနှင့် သူလုပ်တဲ့ကိစ္စတွေက လျှို့ဝှက်ချက်ပေါင်းများစွာနဲ့ ပတ်သတ်နေတဲ့အပြင် အဲ့ဒါက အမှန်တကယ်ကို အန္တရာယ်များလှတယ်။

The Villain Dressed As a Little MermaidWhere stories live. Discover now