Chapter 6

2.1K 403 4
                                    

ချင်ရှောင်း အိမ်မှာနေဖို့အချိန်သိပ်မရှိပေ။ ဒီတစ်ခါကတော့ရှဲ့ဟုန်မင်နဲ့ အလောင်းအစားရှုံးပြီးရေသူလေးနှင့် နေဖို့လက်ခံခဲ့သောကြောင့်ဖြစ်သည်။

ချင်ရှောင်းအိမ်တွင် သန့်ရှင်းရေးစက်ရုပ်သာရှိပြီး ၎င်းကလည်းစကားမပြောတတ်ပေ။ သက်ဝင်လှုပ်ရှားတာကိုကြိုက်တဲ့သူတွေနှင့်နှိုင်းယှဉ်ရလျှင် ချင်ရှောင်းကတိတ်ဆိတ်တာကိုပိုသဘောကျသည်။

အိမ်မှာရှိတဲ့မီးဖိုချောင်ကပြည့်စုံ၏။ ချင်ရှောင်းဒီအိမ်ကိုပြောင်းလာခဲ့ပြီးနောက် အကြိမ်အနည်းငယ်လောက်တောင် မီးဖိုချောင်ထဲသို့မဝင်ခဲ့ပါချေ။ မီးဖိုခေ‌ျာင်သုံးပစ္စည်းတွေက အကုန်အသစ်အတိုင်းရှိနေတုန်းပင်။

ညစာကိုအစောင့်ကလိုင်းပေါ်မှ မှာပြီးအိမ်သို့‌ပို့ပေးသွား၏။ စာကြည့်ခန်းထဲသို့မသွားခင်ချင်ရှောင်း ရှဲ့ဟုန်မင်ပြောခဲ့သည့် "ရေသူလေးကိုအစာကျွေးဖို့မမေ့နဲ့နော်" ဆိုသည့်စကားကိုသတိရသွားသည်။ ရေသူလေးကိုဝယ်ခဲ့တုန်းကဆိုင်မှာ ရေသူလေးကိုကျွေးသည့်အထူးအစားအစာကိုပါဝယ်ခဲ့သည်။

အဲ့ဒီအစာတွေရော ရှဲ့ဟုန်မင်လက်ဆောင်ပေးထားသည့် ချင်ရှောင်းအိမ်ရှိရေချိုးခန်းထဲက အနက်ရောင်အမြှီးနှင့်ရေသူလေးကိုပါ ရှဲ့ဟုန်မင်ကငွေပေးချေခဲ့ခြင်းဖြစ်သည်။

ချင်ရှောင်းတွင်အိမ်မွေးတိရစ္ဆာန်လေးတွေကိုမွေးသည့်အတွေ့အကြုံ လုံးဝမရှိခဲ့ချေ။ ယေဘုယျအားဖြင့်လူသားများတွင် နှင်းလိုဖြူစွတ်နေသည့်ရေသူလေးလို ပျက်စီးထိခိုင်လွယ်သည့်အသားအရည်မျိုးမရှိပေ။ သဘာဝအားဖြင့်သူ ရေသူလေးကိုလူတစ်ယောက်လိုဆက်ဆံမှာမဟုတ်ဘူး။ ရေသူတွေနှင့်လူတွေသည် သဘာဝမတူသည့်မျိုးစိတ်နှစ်ခုဖြစ်သည်။ ရေသူတွေရဲ့အစာက အာဟာရပြည့်ဝသည့် ပေါင်းစပ်အ‌စာခြောက်ပေါ်တွင်အခြေခံထား၏။ ချင်ရှောင်းပါကင်ထုတ်ကိုဖောက်လိုက်တော့ နို့နံ့သင်းသင်းလေးထွက်လာသည်။

ကြည့်ရတာ အရင်ကသူရေသူလေးကိုကိုင်ကြည့်တုန်းက ရေသူလေးတွင်နို့နံ့ချိုချိုလေးရှိပုံပေါ်သည်။ အစာထုတ်တွင် ရေသူလေးကိုအစာဘယ်လောက်ပမာဏကျွေးသင့်ကြောင်း ဖော်ပြထားသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now