Chapter 44

951 179 8
                                    

    အဲ့ဒါကိုပြောပြီး လက်ထပ်ခွင့်က အောင်မြင်သွားပေမဲ့ လောလောဆယ်‌မှာတော့ လက်ထပ်ဖို့ အချိန်အခါကောင်းကို ရှာရမှာဖြစ်ပြီး အရမ်းကြီးမြန်လို့မရပေ။
   
    ဒါက လင်ရှီးအတွေးပင်။
   
    ဒါပေါ့ ချင်ရှောင်းရဲ့ နှလုံးသားထဲမှာ အခုချက်ချင်း အကောင်းဆုံး လက်ထပ်ဖို့ မျှော်လင့်နေပေမဲ့လည်း လင်ရှီးက မကြာသေးခင်ကမှ သူတို့နှစ်ယောက်လုံး အလုပ်ရှုပ်နေကြောင်းကို ဖော်ပြလာ၏။ ရေသူတွေအတွက် နေရာအသစ်မရွေးချယ်ရသေးတဲ့အပြင် သူ ဒီကိစ္စကို ဖြေရှင်းပြီးသည်အထိ စောင့်ချင်သေးပြီး နောက်မှ မင်္ဂလာပွဲအား ထပ်မံကျင်းပချင်ပေသည်။
   
    တကယ်တမ်း မင်္ဂလာပွဲ တကယ်ကျင်းပရင် သေချာပေါက် လာတက်တဲ့သူက မများနိုင်ဘူးဆိုတာ သူသိပါသည်။
   
    ခန့်မှန်းခြေအရ တစ်ယောက်နဲ့တစ်ယောက် အချင်းချင်းသိကြတဲ့ လူ‌ရင်းတွေလောက်သာ။
   
    ပြောရရင် စေ့စပ်လက်စွပ်မပါတဲ့ ချင်ရှောင်းရဲ့ လက်ထပ်ခွင့်တောင်းခြင်းက လင်ရှီးအား နည်းငယ်စိတ်ပျက်မှုကို သူနှလုံးသားထဲတွင် ခံစားရစေသည်။ ဒီကိစ္စကို ချင်ရှောင်းရဲ့ စိတ်ထဲ ပြင်ဆင်နေတာ ဖြစ်နိုင်ပေမဲ့ လင်ရှီးရဲ့ အရင်ဆုံးမေးခွန်းထုတ်လာမှာကိုတော့ ကြိုမမြင်ထားလောက်ပေ။
   
    ထို့ကြောင့် ချင်ရှောင်း ဒီအခွင့်ရေးကို လက်မလွှတ်မခံဘဲ လက်ထပ်ခွင့်တောင်းခဲ့ခြင်းပင်။
   
    လက်စွပ်အတွက်ကတော့ ချင်ရှောင်း လင်ရှီးကို ပိုက်ဆံလုံလုံလောက်လောက်ပါတဲ့ ကတ်တစ်ခုပေးခဲ့သည်။ အခုချိန်မှာ လင်ရှီးက အရာအားလုံးကို ပိုင်‌ဆိုင်နေပြီလို့ ပြောလို့ရပြီး ချဲ့ကားတာမဟုတ်ဘဲ အကုန်လုံးက ချင်ရှောင်းပေးခဲ့တာပင်။
   
    ချင်ရှောင်း လက်စွပ်ကို မပြင်ခဲ့ကတည်းက လင်ရှီး သူ့ဖာသာသူ၀ယ်ဖို့ စီစဉ်ထားခဲ့ပြီးသားပင်။
   
    သူတို့က တစ်ယောက်ကိုတစ်ယောက် မြတ်နိုးကြပြီး သူတို့ရဲ့ခံစားချက်တွေက စစ်မှန်ကြ၏။
   
    လက်ထပ်ခြင်းလို့ ခေါ်တဲ့အရာက အဲ့ဒီအချိန်မှာ လုပ်ရိုးလုပ်စဉ်တစ်ခုမျှသာ။
   
   လင်ရှီး နောက်ရက်မှာ ခရီးထွက်ဖို့ စီစဉ်ထားတာကြောင့် ခရီးစဉ်ကို ယာယီပြောင်းလိုက်ရ၏။
   
    လင်ရှီး အပြင်ထွက်သောအခါ လင်ကျင့်ကို အရင်ဆုံးဆက်သွယ်လိုက်ပြီး အိမ်မှာရှိမရှိကိုမေးမြန်းကာ လင်ကျင့်ရဲ့ ကျန်းမာရေးအခြေနေကို သတင်းမေးလိုက်သည်။
   
    ဖုန်းဖြေတဲ့သူက ရှဲ့ဟုန်မင်ပင်။
   
    လင်ရှီး အနည်းငယ် အံ့ဩသွားရသည်။
   
    သူ ခေါင်းဆောင်ချင်ရှောင်းကို လျှောက်လွှာတင်ထားခဲ့ခြင်းဖြစ်သည်ဟု ရှဲ့ဟုန်မင်ပြောလာခဲ့သည်။ လင်ကျင့်က ကိုယ်၀န်ရှိနေခဲ့ပြီး ကိုယ်၀န်ဆောင်တွေက အဖော်ပြုပေးဖို့ လိုအပ်တာကို ချင်ရှောင်းသိတာကြောင့် ရှဲ့ဟုန်မင်စီစဉ်နေရတဲ့ အလုပ်တွေကို အတိုင်းတာတစ်ခုအထိ လျော့ချပေးခဲ့၏။
   
    လင်ရှီး မကြာခင်မှာဘဲ လင်ကျင့်ရဲ့အိမ်ကို အပြေးလေးသွားတော့သည်။
   
    လင်ကျင့်ကို မြင်တော့ လင်ရှီး အနည်းငယ်မျှ အံ့ဩသွားရတယ်။
   
    ရက်အနည်းငယ်မျှသာ မတွေ့ဖြစ်တာ ဖြစ်ပေမဲ့လည်း လင်ကျင့်ရဲ့ ခန္ဓာကိုယ်က လုံး၀န်းလာကာ မျက်နှာလေးက အရင်ကလို ပိန်ပါးအားနည်းနေတာမျိုးနဲ့ မတူတော့ဘဲ ကြည့်ရတာ နည်းနည်းလေးတောင်အသားပြည့်လာသလိုပင်။
   
    သူ့ရဲ့အသားအရောင်က သိသိသာသာတိုးတက်လာခဲ့ပြီး သူရဲ့ အညိုရောင်မျက်လုံးလေးတွေနဲ့ လင်ရှီး ဆုံလိုက်ရတဲ့အခါမှာ အဲ့ဒါတွေက နေမင်းတစ်စင်းလိုတောက်ပနေတယ်လို့သာ လူကိုခံစားရစေတယ်။

The Villain Dressed As a Little MermaidWhere stories live. Discover now