Chapter -38.2

972 205 7
                                    


လင်ရှီးစကားအချို့ပြောပြီးနောက်မှာတော့ လင်ကျင့်ရဲ့ လည်ပင်းတွေပါ အနီရောင်ပြောင်းသွားလေသည်။

"လင်ကျင့်၊ ငါ့ကိုပြော မင်းရှဲ့ဟုန်မင်ကိုကြိုက်နေတာလား?" လင်ရှီးရဲ့မျက်လုံးတွေက အတင်းအဖျင်းပြောချင်စိတ်တွေနဲ့ ပြည့်နှက်နေလေတယ်။

လင်ကျင့်အလွန်ထိတ်လန့်သွားပြီး သူ့ခန္ဓာကိုယ်ကဆိုဖာပေါ် ခုန်တက်သွားကာ အလျင်အမ်ြန်ငြင်းတော့သည်။

"မဟုတ်ဘူး၊ မဟုတ်ပါဘူး...ကျွန်တော်သူ့ကိုမကြိုက်ပါဘူး၊ သူကသာ ....သူကသာအဲ့ဒီညက......" လင်ကျင့်ရဲ့အမူအရာတစ်ခုလုံးအေးခဲသွားကာ သူကသူ့ရဲ့လျှို့ဝှက်ချက်ကို ထုတ်ပြောမိကြောင်း သဘောပေါက်သွားခဲ့တယ်။

"အိုးးးးး" လင်ရှီး ဒီစကားကိုကြားတဲ့နောက် ဘာတွေဖြစ်ခဲ့လဲမှနားမလည်ရင် နှစ်ဘဝလုံး‌နေထိုင်လာတာက အလကားဖြစ်သွားလိမ့်မယ်။

သူ့ရဲ့လေသံအဆုံးသတ်က တမင်တကာရှည်လျားလာပြီးနောက်တွင် သူ့အနားရှိလင်ကျင့်သည် စတင်ယောက်ယက်ခတ်လာတော့သည်။

"မင်းတို့ တစ်ယောက်ကိုတစ်ယောက်သဘောကျတာကောင်းပါတယ်၊ တစ်နေ့မှာသူမင်းကို အနိုင်ကျင့်ရင် ငြိမ်မခံပဲ ငါ့ကိုပြော၊ မင်းကိုကူပြီး ပြန်အနိုင်ကျင့်ပေးမယ်" လင်ရှီးရဲ့စကားတွေက ကလေးတွေကြားကရန်ပွဲတစ်ခုလိုပင်။

ဒါပေမယ့် လင်ရှီးကသူ့ကိုပြောတာကိုကြားပြီးနောက် လင်ကျင့်က လင်ရှီးကိုကျေးဇူးတင်စွာကြည့်လာတယ်။

"ကောင်းပြီ၊ တကယ်တော့သူကျွန်တော့ကို အနိုင်မကျင့်ပါဘူး" လင်ကျင့်ရဲ့ပါးပြင်လေးကနီရဲနေပြီး သူ့ကိုကြည့်ရတာအရမ်းကိုချစ်‌ဖို့ကောင်းနေသည်။

လင်ရှီးက သူ့လက်တွေကိုညှစ်လိုက်ပေမယ့် လင်ကျင့်ကမ‌ဖယ်လိုက်ပေ။ လင်ရှီးနဲ့သူ့ကြားမှာအကွာအဝေးမရှိတာကို သူသဘောကျတယ်။
[T/N- တစ်စိမ်းမဆန်တာကိုပြောတာပါ]

"ငါတို့ အပြင်ကငါးကန်ဆီသွားကြမလား? လင်ရှီးပြောလိုက်တယ်။

သေချာတာပေါ့ လင်ကျင့်ပြန်မစနိုင်တော့ဘူး။

နှစ်ယောက်သားအပြင်ဘက်ရှိ ငါးကန်သို့ရောက်သောအခါ ကြီးမားတဲ့ငါးအမြီးကြီးတွေပေါ်လာပြီး အသံကျယ်ကြီးနှစ်သံနဲ့အတူ ရေသူလေးနှစ်ကောင်က ငါးကန်ထဲခုန်ချသွားလေသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now