Chapter -41.2

985 193 4
                                    


လင်ရှီးက ဦးဆောင်ပြီး လင်ကျင့်ကိုအိမ်ထဲသို့ခေါ်သွားလေသည်။

နှစ်ယောက်သားဆိုဖာပေါ်တွင် ထိုင်ချလိုက်ပြီး လင်ရှီးကရေတစ်ခွက်လောင်းထည့်ကာ ထို့နောက် သရည်စာတွေအများကြီးကို ယူလာပြီး ကော်ဖီစားပွဲပေါ်တွင်တင်လိုက်၏။

"သူ သဘောတူလား?" လင်ကျင့်ကိုရေခွက်ကမ်းပေးရင်း လင်ရှီးမေးလိုက်သည်။

လင်ကျင့်က သူ့မျက်လုံးလေးတွေကို အောက်စိုက်ကာ သူ့ပါးပြင်များက ကျန်းမာတဲ့သွေးများကြောင့် နီမြန်းနေပြီး သူ့ရဲ့မျက်လုံးလေးတွေက တောက်ပရွှန်းလဲ့နေ၏။

လင်ရှီးမမေးတော့ရင်တောင် အဖြေကိုသူမှန်းဆနိုင်သည်။

ဒါပေမဲ့ သူမေးနေဆဲပင်။

"ကောင်းပြီလေ၊ သူအရမ်းပျော်နေမှာပေါ့" မနေ့ကသူ့ရဲ့ကိုယ်ဝန်အကြောင်း ရှဲ့ဟုန်မင်ကို ပြောပြခဲ့တဲ့အခိုက်အတန့်ကို လင်ကျင့်ပြန်သတိရသွားသည်။ သူဒီယောက်ျား ဒီလောက်အံ့ဩပြီးပျော်ရွှင်နေတာကိုမမြင်ဖူးခဲ့ပေ။

ဒါပေမဲ့ ကလေးလေးကို ဒုက္ခပေးမိမှာ ကြောက်သလိုမျိုး အမြန်ချလိုက်ပြီး သူ့ရဲ့ဗိုက်ကလေးကို ဂရုတစိုက်နဲ့ထိလိုက်သည်။

ရှဲ့ဟုန်မင်ရဲ့ ပျော်ရွှင်နေတဲ့မျက်နှာနဲ့ တုန်ယင်နေတဲ့အသံဖွဖွကြောင့် လင်ကျင့်သည် ထိုအချိန်တွင် လေးလေးနက်နက် ချစ်ခြင်းခံရခြင်း၏ ပျော်ရွှင်မှုကို ခံစားခဲ့ရသည်။

ရှဲ့ဟုန်မင်က သူနဲ့ သူတို့ရဲ့ဘေဘီလေးကို သဘောကျတယ်။

နောက်တော့ ရှဲ့ဟုန်မင်ရဲ့မျက်လုံးတွေက နီရဲလာတယ်။

လင်ကျင့်သည် အမျိုးသားတွေကမျက်လုံးများနီရဲနိုင်သည်ကို တစ်ခါမှမသိခဲ့ပေ။

သူကသန်မာပြိး အကြောက်အလန့်ကင်းတဲ့လူမှန်း ထင်ရှားသည်။

သူ့မှာဘေဘီလေးရှိလာတာကို သိပြီးနောက်တွင် အရင်တုန်းက မသိခဲ့ဖူးတဲ့တစ်ဖက်ခြမ်းကို ပြသလာခဲ့သည်။

"ဒါကအရမ်းကောင်းတယ်၊ သူသဘောကျမယ်ဆိုတာ ငါသိနေတယ်၊ ဘယ်သူကမကြိုက်ပဲနေနိုင်မှာလဲ" သူ(ရှဲ့ဟုန်မင်) ကကြင်နာတတ်သရွေ့ လင်ကျင့်ရဲ့ဗိုက်ထဲက ကလေးလေးကိုသဘောကျမယ်လို့ လင်ရှီးယုံကြည်သည်။

The Villain Dressed As a Little MermaidDove le storie prendono vita. Scoprilo ora