Chapter 33

1.3K 272 17
                                    

    လင်ရှီးနဲ့လင်ကျင့်က ဝေလငါးပြာကြီးကိုစီးပြီး သူ့အဖွဲ့ဆီလိုက်သွား၏။

    အဲ့တာကအပြာရောင်ဝေလငါးအုပ်စုကြီးပင်။

        သူတို့နားမရောက်ခင် လင်ရှီးတလိပ်လိပ်တက်လာတဲ့ လှိုင်းသံတွေကိုကြားလိုက်ရသည်။ သူတို့တဖြည်းဖြည်းနီးကပ်လာသောအခါ အံ့ဩစရာအပြာရောင်ဝေလငါးအုပ်စုကြီးကို တွေ့လိုက်ရ၏။

    ဒီမြင်ကွင်းမျိုးက သူအရင်ဘဝလူသားဖြစ်စဉ်က TVမှာသာတွေ့နိုင်တဲ့မြင်ကွင်းဖြစ်သည်။ ဒါပေမဲ့အခုသူ့မျက်လုံးတွေနဲ့မြင်ရတော့ အတော်လေးကိုအံ့အားသင့်သွားရ၏။

      ဝေလငါးပြာကြီးက လင်ရှီးတို့ကိုကျောပေါ်မှာသယ်ဆောင်ကာ ဝေလငါးပြာအုပ်စုကြီးထဲ ကူးခတ်သွားလိုက်ပြီး သူ့မျိုးနွယ်စုကငါးတွေနဲ့ လင်ရှီးတို့ကို မိတ်ဆက်ပေးလာသည်။

     ဝေလငါးပြာများက လင်ရှီးတို့ကို‌ကြိုဆိုတဲ့အနေနဲ့သူတို့ရဲ့ကျောပေါ်ကနေ ရေပန်းကြီးများမှုတ်ထုတ်ပြကြသည်။

      အပြာရောင်ဝေလငါးများနှင့် နာရီအနည်းငယ်ကြာကူးခတ်ခဲ့ပြီးနောက် လင်ရှီးနှုတ်ဆက်စကားကို ထပ်ပြောလာခဲ့သည်။

      လူသားဘက်က တစ်စုံတစ်ယောက်က သူတို့ကိုရှာနေတာ သူကြိုသိတာကြောင့် ဝေလငါးပြာများပါ မငြိစွန်းရစေရန်အတွက် သူတို့ကြာကြာနေလို့မရပါချေ။

       လင်ရှီးနဲ့လင်ကျင့် လက်ဝှေ့ယမ်းကာနှုတ်ဆက်လိုက်ပြီး ဝေလငါးပြာကြီးကအတော်လေးကို သေးငယ်တဲ့အသံတစ်ခုပြုလုပ်လာခဲ့၏။

      "အခွင့်အရေးရှိရင် ငါတို့ထပ်တွေ့ကြမယ်"

       လင်ရှီးနဲ့လင်ကျင့်ပြောလိုက်သည်။

      ဝေလငါးပြာကြီးက သူငယ်ချင်းဆုံးရှုံးရလို့ ခံစားနေရတဲ့နှလုံးသားကိုဘေးဖယ်ထားပြီး လင်ရှီးတို့ရဲ့ခရီးလမ်း အဆင်ပြေချောမွေ့စေရန်ဆုတောင်းပေးခဲ့သည်။

      လင်ရှီး လင်ကျင့်ကိုခေါ်‌၍မရင်းနှီးတဲ့ ပင်လယ်ကြီးထဲ ဆက်လက်ကူးခတ်တော့၏။

      သူ့မှာနိမတ်ဖတ်စွမ်းရည်ရှိတာကြောင့် အန္တရာယ်တွေကို ကြိုတင်သိနိုင်ပြီး ဖြစ်မလာခင်ရှောင်ရှားနိုင်လေသည်။

The Villain Dressed As a Little MermaidWhere stories live. Discover now