Chapter 18

1.6K 350 18
                                    

      နောက်တစ်နေ့တွင် ချင်ရှောင်းနောက်ကျမှအပြင်သွားကာ အပြင်မသွားခင်အိမ်၌မနက်စာစားသွားသေး၏။

     မနက်စာစားချိန်တွင် လင်ရှီးကချင်ရှောင်းထံ သူ့သူငယ်ချင်းကိုအဖော်ပြုဖို့ ဆေးရုံမှာနှစ်ရက်ခန့်သွားနေမည်ဖြစ်ကြောင်းပြောလိုက်သည်။

    "တကယ်လို့ သဘောမတူဘူးလို့ပြောရင်....." အနောက်ကစကားတွေကို ချင်ရှောင်းဆက်မပြောတော့ပဲ သူ့စကားလုံးတွေကရုတ်တရက်တိုးသွားသည်။ မျက်နှာချင်းဆိုင်မှာထိုင်ပြီး မနက်စာစားနေတဲ့ကောင်လေးက ချက်ချင်းတူကိုချလိုက်ကာ အမူအရာတွေကရုတ်တရက် လေးလံသွား၏။

     ရေသူငယ်လေးက အေးစက်ပြီးမာနကြီးလှ၏။ ပြီးတော့မနေ့ညက သူ့လက်မောင်းတွေကြားထဲတုန်တုန်ယင်ယင်နဲ့ တိုးဝင်လာနဲ့သူနဲ့လည်းအလွန်ကွာခြားလှ‌ပေသည်။

    ဒါပေမယ့်အဲ့ဒီအထူးဖြစ်ရပ်က မနေ့ကပဲဆိုတာချင်ရှောင်းသိပါသည်။

    မနက်ပိုင်းသူ့လက်မောင်းတွေထဲလဲလျောင်းနေတဲ့ လင်ရှီးနိုးလာတုန်းကမြင်ကွင်းကိုသူမှတ်မိသေးသည်။ လင်ရှီးကသူ့ကိုသတိမပြုမိပဲ နားသီးလေးတွေကရဲတွတ်နေခဲ့သည်။

   သေးငယ်နူးညံ့တဲ့ နားသီးလေးတွေက ရဲတွတ်နေသည်မှာ သွေးတောင်ထွက်ကျတော့မလိုပင်။

      "မင်းသွားလို့ရတယ်" လင်ရှီးရဲ့မျက်လုံးနက်နက်လေး‌တွေအောက်မှာ ချင်ရှောင်းသူ့စကားကိုချက်ချင်းပြောင်းပစ်လိုက်၏။

    လင်ရှီးသူ့မျက်ခုံးတွေကိုမြှင့်လိုက်သည်။ သူအရင်ကဘာလို့ သူ့ပိုင်ရှင်ရဲ့ဒီလိုမကောင်းတဲ့အခြမ်းကိုမတွေ့ခဲ့ရတာပါလိမ့်။ သူကသူ့သူငယ်ချင်းကိုအဖော်လုပ်ပေးဖို့ ဆေးရုံကိုပဲသွားချင်တာပါ။ ပြီးတော့ဘာမှလဲလုပ်မှာမဟုတ်ပဲနဲ့။

    ဆေးရုံမှာ ထွက်ပြေးမဲ့အခွင့်အရေးရှာဖို့လင်ရှီးအစတည်းကမတွေးခဲ့ပေ။ ဆေးရုံကနေထွက်ပြေးဝာာပိုကောင်းပေမယ့် သူ့သူငယ်ချင်းကိုသစ္စာဖောက်ရမည်ဆိုတာသိသောကြောင့်ပင်။

     သူငယ်ချင်းကိုသစ္စာဖောက်ပြီး သူမရှင်သန်လိုပေ။

    ဒါမှမဟုတ်သူထွက်ပြေးချင်နေတာကို ချင်ရှောင်းကသိသွားတာများဖြစ်နေမလား။

The Villain Dressed As a Little MermaidWhere stories live. Discover now