အပိုင်း (6.3)

2.1K 361 4
                                    

(6.3)

ကျိုးကောအာ က မသိလိုက်ပဲနဲ့ သူ့မျက်ခုံးလေး တွေက ​ပြေလျော့ နေခဲ့တယ်။

'' အကိုဟော်ရဲ့ မိဘတွေ ကတော့ အရမ်းကြီး မကြမ်းတမ်းပါဘူး။ သူတို့က ပင်လယ်ပေါ်မှီခို နေရတာလေ။ သူတို့အသက်ကြီး လာတဲ့ အချိန်မှာတော့ သူတို့ရဲ့ ကျန်းမာရေး တွေက မကောင်းတော့ဘူးလေ။ ဒါပေမယ့် သူတို့က ဘာကိုမှ မတက်နိုင်ဘူး ။ မိသားစု တစ်ခု လုံး က အကိုဟော်ရဲ့ ထောက်ပံ့ ပေးမှု အပေါ်မှာ ပဲ မှီခိုနေပြီးတော့ သူ့ညီမလေး ကတော့ အိမ်မှု ကိစ္စတွေ လုပ်ပေးတယ်လေ ''

'' အဲ့တာ က အမှန်ပဲ လား?''

ဟော်ဆန်းအာ က အမြဲတမ်းပျော်ရွှင် နေတာကိုပဲ ကျောက်ချင် တွေ့ခဲ့ရတာကြောင့် ဟော်ဆန်းအာ ရဲ့ ပုခုံးပေါ်မှာ မိသားစု တာဝန်တွေကို ထမ်းထား ခဲ့ရတယ် လို့ မထင်ထားမိပါပေ။

'' ဒါဆိုရင် ဟော်ဆန်းအာ ခဏနေလို့လာရင် သူပြန်တဲ့အခါ ငါတို့ ပင်လယ်ကျောက်ရေမှော် တစ်ချို့ကို သူ့ကိုပေးလိုက်မယ်လေ။ ဟုတ်ပြီလား? ''

ကျောက်ချင် က အမြဲတမ်း မိသားစု ကိစ္စတွေကို ကိုင်တွယ်တဲ့ အကြီးအကဲ ဖြစ်လေတယ်။ ဒါကြောင့်မို့ ကျိုးကောအာ ရဲ့ အမြင်ကို မေးနေစရာ မလိုအပ်ပါပေ။

ကျောက်ချင် တစ်ယောက် ကျိုးကောအာ က ဘာစကားမှ မပြောတာကို တွေ့လိုက်ရတော့ သူက မေးလိုက်လေတယ်။

'' ဘာလို့လဲ။ မင်း သူ့ကို မပေးချင်ဘူး လား? ''

'' မဟုတ်ပါဘူး ။ ခများပဲ ဆုံးဖြတ် လိုက်ရင် အဆင်ပြေ ပါတယ်။ ''

'' သေချာတာပေါ့ ။ မင်းလဲ မိသားစု ကိစ္စ တွေကို ပါဝင်ပြီးတော့ ဆုံးဖြတ်ချက် တစ်ချို့ ကူချ ပေးရမယ်လေ။ ''

ကျောက်ချင်က ငါးကို ကိုင်တွယ် ပြီးတဲ့ အတွက်ကြောင့် ကျိုးကောအာ ဆီကို လမ်းလျောက် လာခဲ့လေတယ်။

သူက ကျိုးကောအာ ဆီကို မရောက်ခင် သူက တစ်စုံတစ်ခု ကို တွေးမိသွားလေတယ်။

'' ဒါနဲ့ အရင် တုံးက မင်းက ငါ့ကို ဘယ်လိုခေါ် သလဲ? ''

ကျိုးကောအာ က အနည်းငယ် စိတ်ရှုပ်ထွေးသွားလေတယ်။

တံငါသည် (BL) Where stories live. Discover now