အပိုင်း (24.4)

1.4K 201 2
                                    

(24. 4)

လူတိုင်း က ကျောက်ချင် ရဲ့ အကြံပြုချက် ကို တွေးလိုက် ကြတယ်။ အဲ့တာ ပြဿနာ မရှိပါပေ။ ထိုအကြံဉာဏ်က ကောင်းလေတယ်။ ဒါပေမယ့် သူတို့ ရွာနှစ်ရွာ ကြားက ဆက်ဆံရေးကြောင့် သူတို့တွေ အတွက် ဒီလို ရိုးရှင်းတဲ့ ကိစ္စတစ်ခု လုပ်ဖို့ဆို တာက ခက်ခဲ လေတယ်။

အမျိုးသမီး က ပြောလိုက်တယ်။

'' ငါ သူတို့ဆီကို သွားပြီးတော့ ဝယ်ဖို့ ပြောကြည့်လိုက်မယ်လေ။ အမျိုးသမီး တွေက စေ့စပ်ညှိနှိုင်း နေတဲ့ နေရာ မှာ တော်ပါတယ်။ ''

ကျောက်ချင် က ခေါင်းငြိမ့် လိုက်လေတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီနေရာမှာ သူက လွဲလို့ ကျန်တဲ့ ဘယ်သူ မဆို သူ့ထက် တော့ ပိုကောင်းတယ်လေ။ သူက အရင်တုံး က ဟော်ဆန်းအာ ပြောတာကို မှတ်မိနေ ဆဲ ဖြစ်လေတယ်။ သူက အဲ့တာကို မမေ့သေးပါပေ။

'' လာပါ။ ခများ ဒီငွေအပိုင်းအစ လေးတွေကို ယူသွား ပြီးတော့ ရသမျှ ဝယ်ခဲ့ပါ။ မုန်လာဥ တွေက အချိန်အတော်ကြာထိ သိုလှောင်ထား လို့ ရတယ်။ ပြီးတော့ ဆောင်းရာသီက အသီးအရွက်တွေ က ပုပ်သိုး ဆွေးမြည့် မလွယ်ဘူးလေ ''

အမျိုးသမီး က ကျောက်ချင် လက်ထဲက ငွေစ တစ်ချို့ကို လှမ်းယူ လိုက်တယ်။

'' ကောင်းပြီလေ။ မင်းတို့ က ငါ့ကို ဒီနေရာမှာ စောင့်နေကြအုံးနော် ။ တကယ်လို့ အရောင်းအဝယ် ဖြစ်တယ် ဆိုရင် ငါ မင်းတို့ကို လာသယ် ဖို့ ခေါ်လိုက်မယ် ''

'' ဒါဆိုလည်း အခုချိန်မှာ အဒေါ် ကို ပင်ပန်း စေမိပါပြီဗျာ ''

ဟော်ဆန်းအာ က ရွာထဲကို ဝင်သွားတဲ့ အမျိုးသမီးရဲ့ နောက်ကို လှမ်းပြီးတော့ အော်လိုက်လေတယ်။

ဒါက ကျောက်ချင် တွေးထား သလို ပါပဲ။ အရင်ဆုံး ရေအနက် ဘယ်လောက် ရှိသလဲ ဆိုတာကို စမ်းသပ် ကြည့်ရတာ ပဲ ဖြစ်လေတယ်။ တကယ်လို့ သူတို့သာ ရောင်းချ လိုတယ် ဆိုရင်တော့ ဆန်၊ ခေါက်ဆွဲနဲ့ ပဲ တစ်ချို့ကို ပါ ကျောက်ချင်တို့ က လဲလှယ် မှာ ဖြစ်လေတယ်။

ရွေးချယ် ရတဲ့ ပထမ အချက် ကတော့ ဒီရွာက သူတို့နဲ့ အနီးဆုံး ဖြစ်ပြီးတော့ သယ်ယူပို့ဆောင် ရတာလဲ လွယ်ကူ လို့ပဲ ဖြစ်လေတယ်။ 

တံငါသည် (BL) Where stories live. Discover now