အပိုင်း (26.1)

1.3K 199 5
                                    

(26.1)

ညကလည်း ပိုနက် လာပြီ ဖြစ်ပြီးတော့ ကျောက်ချင်တို့ ဂူထဲက လူတွေ ကလည်း စောင်တွေ ရှိနေ ကြပြီ ပဲ ဖြစ်လေတယ်။ ဟော်ဆန်းအာ ရဲ့စကားကို နားထောင် ကြပြီးတဲ့ နောက် နှစ်ယောက် တစ်စု၊ သုံးယောက် တစ်စု ခွဲကာ စကားပြော နေကြပြီးတော့ တောအုပ် တစ်ခုလုံး ကလည်း လုံးဝ ကို တိတ်ဆိတ် မှုထဲ ကို ရောက်လာ ခဲ့လေတယ်။

ဒါပေမယ့် သူတို့နဲ့ အတူ ဘေးချင်း ကပ်လျက် ရှိနေကြတဲ့ ဂူထဲ ကနေ တော့ နှာချေ သံတွေ ထွက်နေ ကြလေတယ်။

အရင်တုံး က ဘယ်အချိန် မဆို ဆင်တက်နင်းတောင် မနိုးတဲ့ ရွယ်ယောင် က အခုချိန်မှာတော့ မြေပြင်ပေါ်မှာ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် နဲ့ အိပ်မပျော်တဲ့ အပြင် ထို နှာချေသံ တွေ ဟောက်သံ တွေ ကလည်း အခုချိန်မှာတော့ အတော်လေး ကို ဆူညံ နေတယ်လို့ ခံစား မိလေတယ်။

ဒီနေ့ သူက ကျောက်ချင် ရဲ့ ဂူဘက်ကို သွားကာ စကားအပြောလွန် ခဲ့ပြီးတော့ စကားလည်း အကြီးအကျယ် များခဲ့လေတယ်။ ဒါပေမယ့် ကျောက်ချင် တို့က ညအချိန်မှာ ပြန်ရောက် လာတာ ကို သူကြား လိုက် ရလေတယ်။ သူက အနည်းငယ် တုန်လှုပ်နေ မိတယ်။ သူ့ရဲ့ ခြေထောက်တွေ နဲ့ လက်တွေက ပြန်ကောင်း သွားပြီလေ။

အခု သူကြောက်နေ မိတာ က ကျောက်ချင် က သူဟာအဲ့ဘက် ကို သွားပြီး မကောင်းပြော ခဲ့တာကို သိသွားမှာ ကိုပဲ။

သူက အဓိပ္ပာယ် မရှိတာတွေ ပြောခဲ့တဲ့ အတွက်ကြောင့် သူ့ဆီကို လာပြီးတော့ ထပ်ရိုက်နှက် မှာကို ကြောက်နေ မိတာ ပဲ ဖြစ်လေတယ်။

ထိုအကြောင်းကို တွေးလိုက် ပြီးတော့ သူက မျက်တောင် ခတ်လိုက်တယ်။ အသာလေး ထလိုက် ပြီးတော့ ချောင်သားမိ အိပ်နေတဲ့ နေရာဆီကို အသာလေး သာ ထသွား လိုက်တော့တယ်။

'' ချောင်ဖန် ၊ ချောင်ဖန်! ''

သူက ဆောင့်ကြောင့် ထိုင်လိုက် ပြီးတော့ အိပ်ပျော်နေတဲ့ အမျိုးသမီး လေး ကို အကြိမ်ပေါင်း များစွာ တွန်းလိုက်တယ်။

ချောင်ဖန် က အိပ်ချင်မူးတူး ဖြစ်နေဆဲ ဖြစ်ပြီးတော့ တစ်စုံတစ်ယောက် က သူမနာမည် ကို ခေါ်နေတာ ကို ကြားလိုက် ရတယ်။ သူမ က မျက်လုံးတွေကို ပွတ်လိုက်တော့ သူမနောက်က  မီးတောက်ရဲ့ အလင်းရောင် ကြောင့် ထိုလူဟာ ရွှယ်ယောင် ဆိုတာ ကို သိလိုက် ရတယ်။

တံငါသည် (BL) Wo Geschichten leben. Entdecke jetzt