အပိုင်း (16. 3)

1.5K 260 1
                                    

(16. 3)

ကျောက်ချင် က တုံ့ဆိုင်း သွားပြီး တော့မှ သူ့လက်ထဲက ကောင်လေး ကို တင်းတင်းကြပ်ကြပ်လေး ပွေ့ဖက် ထားပေးလိုက် လေတယ်။

'' မကြောက် ပါနဲ့။ မကြောက် ပါနဲ့ ''

ကောင်လေး ရဲ့ စိတ်ခံစားချက်တွေ တည်ငြိမ် သွားကာ မှ သူက ငြင်သာတဲ့ အသံလေး နဲ့ ပြောလိုက် လေတယ်။

'' ဘယ်လို အိမ်မက် မျိုးတွေ မက်နေ သလဲ ဆိုတာ ကို့ယ် ကိုပြော ပြ နိုင်မလား ''

ကျိုးကောအာ က စကားမပြော ခဲ့ပေ။ အပြင်မှာ မိုးက စတင် ရွာလာ ပြီးတော့ သစ်ရွက်တွေ အပေါ် မိုးရေ ကျတဲ့ ဆူညံ သံ တွေက ကျယ်လောင် လာပေမယ့် ဂူထဲမှာတော့ အတော်လေး ကို တိတ်ဆိတ် နေခဲ့တယ်။

တစ်ခဏ ကြာတော့ ကျိုးကောအာ က အနည်းငယ် အားလျော့ နေတဲ့ အသံလေး နဲ့ ပြောလာ ခဲ့တယ်။

'' လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် က ဆူနာမီ လှိုင်းကြီး လာတဲ့ အချိန် ကို ပြန်ပြီးတော့ အိမ်မက် မက်နေတာ ''

တစ်ခဏ လောက် ရပ်သွား ပြီးတဲ့နောက် သူက အိမ်မက် ထဲကို နစ်မြော သွားဟန် ပါပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ် ဆူနာမီ ဖြစ်တုံး က အကြောင်း တွေကို ပြော ပြ လာခဲ့လေတယ်။

အဲ့ အချိန်တုံး က သူတို့ ကျိုးမိဘ တွေ ဆီမှာ သူ့ရဲ့ အကြီးဆုံး အကိုကြီး နဲ့ သူပဲ ရှိပါသေးတယ်။ လှိုင်းလုံးကြီး တွေက ကမ်း​ခြေကို ပုတ်ခတ် လာတဲ့ အခါ မှာ အဖေ ကျိုးက သူနဲ့ အနီးဆုံး ဖြစ်တဲ့ ကျိုးကောအာ ကို ကောက်ပွေ့ ပြီးတော့ ဝမ်ဝေ့ရှီး( ကျိုးဝေ့ရှီး)  ကိုလည်း အမြန် စတင် ပြီး ပြေးခိုင်း လေတယ်။

ဝမ်ဝေ့ရှီး ကလည်း သူမရဲ့ သားအကြီးကို ပွေ့ ပြီးတော့ တောင်ခြေ ဆီကို ထွက်ပြေး လာခဲ့တယ်။

ဝမ်ဝေ့ရှီ က ကျိုးအကြီးလေး ကို ပွေ့ပြီး ပြေးပေမယ့် အမျိုးသမီး တွေရဲ့ အားက အမျိုးသား တွေလောက် မှ ခံနိုင်ရည် မရှိဘူးလေ။ အမှန်ဆိုရင် အဖေ ကျိုး မချီပဲနဲ့ ကျိုး အကြီး ကောင်က သူ့ဘာသူ ပြေးနိုင် နေတဲ့ အရွယ် ကို ရောက် နေပါပြီ။

အဖေကျိုး က ဝမ်ဝေ့ရှီးဟာ သူ့သား အကြီးကောင်ကို ပွေ့ပြီး မပြေးနိုင်တော့လို့ အကျပ်တွေ့ နေစဥ်မှာ ဝမ်ဝေ့ ရှီး က ပြောခဲ့တယ်။

တံငါသည် (BL) Место, где живут истории. Откройте их для себя