အပိုင်း (25.1)

1K 177 0
                                    

(25.1)

ဆောင်းရာသီ ညဦးပိုင်းတိုက် ခက်တဲ့ လေပြေလေး မှာ သစ်ရွက်ရဲ့ ရနံ့တွေပါ ရောပါနေခဲ့လေတယ်။ ထိုလေ တွေက တောင်ဘေးနားမှာ မီးတုတ် တစ်ခုကို ကိုင်ပြီး စောင့်နေကြတဲ့ လူတွေ ရဲ့ နှာခေါင်း ထိပ်ဖျား ကနေ တစ်ဆင့် ဝင်သွား ခဲ့ ကြပြီးတော့ သူတို့ရဲ့ လက်တွေကို အေးလွန်းလို့ အချင်းချင်း ပွတ်သပ် နေခဲ့ ကြလေတယ်။

ထိုလူတစ်အုပ် စုခမျာ တောင်ဘေးနားက ပင်လယ်ရေစပ် နားမှာ အချိန်ဘယ်လောက်ထိ ကြာအောင် စောင့်နေခဲ့ ရသလဲ ဆိုတာကို တကယ် မသိ ကြတော့ပါပေ။ ပြီးတော့လည်း သူတို့ လက်ထဲက ယူလာတဲ့ မီးတုတ် တွေ ကလည်း လောင်ကျွမ်း ပြီးသွားပြီ လေ။

လူတိုင်း က အံ့အားသင့် စရာ ကောင်းလောက်အောင် တိတ်ဆိတ် နေကြ ပြီးတော့ အရှေ့ကိုပဲ စောင့်မျှော် ကြည့်နေကာ ပင်လယ်ရဲ့ အနက်ရောင် ရေပြင် ကိုလည်း စိုးရိမ်စွာနဲ့ ကြည့်နေ ခဲ့ကြလေတယ်။

'' ဒီမီးတုတ် က လည်း အကုန်လောင်လို့ ပြီးတော့မယ်။ လူတိုင်းပဲ မီးပုံ တစ်ခုလုပ်ဖို့ ထင်းရှာ ရမယ်။ ပထမ အနေနဲ့ အဲ့တာက ငါတို့ကို နွေးထွေးစေ လိမ့်မယ်။ ဒုတိယ ကတော့ ငါတို့ မီးသပ်သပ် ပြန်မွှေးနေ စရာ မလိုတော့ဘူး ပေါ့ကွ ''

ထိုဟာလည်း ပြောပြီးရော ပင်လယ်အစွန် ကမ်းစပ် နားမှာ ရပ်စောင့်နေတဲ့ လူတွေက သူတို့ရဲ့ ခြေထောက်တွေ နဲ့ လက်တွေကို ရွေ့လျား ပြီးတော့ ထင်းတွေကို ကောက်ကျ လေတယ်။

ညအချိန် ဖြစ်တာကြောင့် သူတို့က ရှင်းရှင်း လင်းလင်း မမြင်ရပါပေ။

လူတိုင်း က စမ်းတဝါးဝါး နဲ့ အလုပ်ရှုပ်နေတာ ကိုတွေ့တော့ ကျိုး​ကောအာ  က ​ပြောလိုက်လေတယ်။

'' လူတိုင်းပဲ သတိထား ကြအုံးနော်။ သစ်တောကို မီးမလောင်စေ နဲ့အုံး ''

ထိုအသံ ထွက်လာပြီးတဲ့နောက် မကြာခင်ပဲ မီး က အားနည်းစွာနဲ့ ပဲ တောက်လောင် နေခဲ့လေတယ်။

'' ငါက ရေ မျက်နှာပြင် လှုပ်ရှား သွားတယ် လို့ ခံစားလိုက် ရတယ်! ''

လူတိုင်းက ထိုအသံကို ကြားတာနဲ့ ကမ်းခြေကို ပြေးသွား ကြကာ တစ်ခဏလောက် ကြည့်လိုက် ပြီးတော့ အံ့သြစွာ နဲ့ ပြောလိုက်တယ်။

တံငါသည် (BL) Where stories live. Discover now