အပိုင်း (22.1)

1.5K 243 2
                                    

(22. 1)

'' နင်က ဘာကို ဆိုလို ချင်တာလဲ? ''

ကျိုးကောအာ က အေးစက်စွာ ပြောလိုက်တယ်။

'' အကိုကျောက်က အရမ်း ကြင်နာ တက်တဲ့ နှလုံးသား ရှိတဲ့ ​လူ တစ်ယောက် လေ။ ဒီတစ်ကြိမ် မတိုင်ခင် အရင်တစ်ခါတုံး ကလည်း ငါ့ရဲ့ ခြေထောက် က နာဘူးတယ်လေ။ အဲ့တုံးက သူက ငါ့ဆို သိပ်ပြီး ဂရုစိုက် တာ လေ။ ငါ့ရဲ့ ခြေထောက်က အဲ့တုံး က ကျောက်တုံး ကို ခလုတ် တိုက်မိ သွား ပြီးတော့ နာကျင် သွားတာလေ ''

သူမ က ဇာတ်ကြောင်း ထွင် ပြီးတော့ ဆက်ကာ လျောက်ပြော တော့တယ်။

'' အခုတော့ ကျိုးကောအာ ရဲ့ ခြေထောက်မှာ အနာတရ ဖြစ်သွားတဲ့ အတွက်ကြောင့် သူက အရမ်း အပြစ်ရှိသလို ခံစား ရတာ နေမှာပေါ့။ သူက မင်းကို သေချာ လေး ဂရုစိုက်ပေး နေစဥ် အတွင်းမှာ နင်က ကောင်းတယ် ဆိုတာ ကိုသူသိလာပြီးတော့ နင့်အတွက် ခံစားချက် တွေ ရှိလာတာ နေမှာ။ ဒါကြောင့်မို့ အခုလို ငါ ဒဏ်ရာ ဖြစ်လာတဲ့ အချိန်မှာ သူက ငါ့ကို ဂရုမစိုက် တော့တာလေ။ သူက နင့်ကို တကယ် ကြိုက်နေတယ် လို့များ နင်က ခံစား နေရတာလား? ''

ချောင်ဖန် က အနည်းငယ် စိတ်ညိုးငယ် သွားတဲ့ ပုံ ​ကိုပြ လိုက်တယ်။

'' အခုတော့ သူက ငါ့အပေါ်မှာ ဘာအထင် အမြင်ကောင်း မှ မရှိတော့ဘူး လေ။ ငါက အကိုကျောက်လို ကောင်းတဲ့ လူကို ဆုံးရှုံး ခဲ့ရ လို့ နောင်တ ရနေပေမယ့် ငါ့ရဲ့ စိတ်ထဲမှာတော့ နင်လည်း ငါ့လိုမျိုး မဖြစ်လာစေ ဖို့ ဆုတောင်း ပေးပါတယ်ဟယ်...... ''

ကျိုးကောအာ က အနောက်ကို လှည့်ကြည့် လိုက်တယ်။ သူမ က ရုတ်တရက်ကြီး ဘာလို့ သူနဲ့ ပတ်သက်ပြီး တော့ ပြောလာတာ လဲ ဆိုတာကို ကျိုးကောအာ နားမလည် ပါပေ။ ပြီးတော့ သူက အတိတ်က ကျောက်ချင် ရဲ့ လူတိုင်း အပေါ် ထားတဲ့ သဘောထားကို ပြန်မတွေး ကြည့်ပဲ မနေနိုင်ပါပေ။

အရင်တုံး က ကျောက်ချင် က ဘယ်လို မျိုးလဲ ဆိုတာကို ကျိုးကောအာ မသိခဲ့ ပေမယ့် သူခြေထောက် နာပြီးတဲ့ နောက်မှာတော့ ကျောက်ချင် က တကယ်ကြီး သူ့ကို ကောင်းကောင်း ဂရုစိုက်ပေး ခဲ့တယ် ဆိုတာ ကိုသိတယ်။ ဒါကြောင့် သူက မေးလိုက်တယ်။

တံငါသည် (BL) Wo Geschichten leben. Entdecke jetzt