PART 1❣️(Uni/Zaw)

Depuis le début
                                    

    ကောင်မလေးကို ဖဲ့လိုက်မဲ့လိုက်နှင့် တစ်တစ်ခွခွကြီးပြောချလိုက်သည့်အပြင် ပြောတဲ့သူနဲ့ထိတဲ့သူကဘာမှမဖြစ်ပေမယ့် ကြားနေရတဲ့သူတို့သုံးယောက်ကတော့ မျက်နှာပူ‌သွားတာကအမှန်.....

"ဟား ဟား..."

"ဟီးအီး....အဟင့် အဟင့်.....မပြောနဲ့...မုန်းလိုက်မှာနော် မောင်"

"ဟား ဟား....မုန်းလိုက်မှာနော်တဲ့ မောင်ရေ.....မင်းတော့"

"ငါနဲ့ချစ်သူအဆင့် တင်မြှောက်ပေးထားကိုတောင် ကျေးဇူးတင်ရကောင်းမှန်းမသိဘူး..... မုန်းတယ်နော်တဲ့....အဟက် သူကတော်တော်ချစ်ဖို့ကောင်းတယ်ဆိုတော့.....သွားစမ်းကွာ.... နားကိုငြီးတယ် ကျီးကန်းမ"

  သူပြောချင်တာပြောလိုက်ရင်း နားထဲကအရာကို အင်္ကျီအိတ်ကပ်ထဲထည့်၍ လက်ပိုက်ထားလိုက်ပြီးဆိုဖာပေါ်ကျောကပ်ကာ မျက်လုံးကိုပါတစ်ပါးတည်းမှိတ်ပစ်လိုက်သည်။

ပြောချင်တာပြောပြီးဒိုးလိုက်တော့ ဒေစီလင်းမော်ရေ....

    ငါ့ရဲ့အားသာချက်က ဒီHearind-aidကိုဖြုတ်လိုက်ရင် မင်းရဲ့အသံဆိုးတွေ ငါဘာမှမကြားရတော့ဘူး ဟက်...

"အစ်ကို ကျွန်တော်တို့ စောစောကအကြောင်းတွေ ပြန်ဆက်ရအောင်"

"အိုကေဗျ"

    တစ်ဖက်ဝိုင်းက တိတ်သွားလိုက် ဝါးခနဲ့ဆူညံလာလိုက်နဲ့က သူတို့လည်းအလုပ်ကိစ္စကို အာရုံမရောက်တရောက်ဖြစ်လာရသည်။ နေရာရွေးမှားပြီထင်တယ်......

"ဒီ promotion eventကာလမှာ ကျွန်တော့်ပြခန်းက ပန်းချီတွေကို ကိုနေမီးတို့ Hotel..."

"တောက်... what the fuck!!!! ခွေးမ"

"အား..... မောင် ဒေစီ့ကိုမလုပ်နဲ့‌နော်"

တောက်...

  နေမီးသည် ဒေါသလှိုက်ခနဲ့ထိုးတတ်လာသည်။

     ဒီသူ‌တောင်းစားတစ်စုက အခုထိပြီးကိုမပြီးနိုင်တော့ဘူး။ ရန်ဖြစ်ချင်အပြင်ထွက်ဖြစ်ကြပါလား၊ဘာလို့ လူတွေအေးအေးဆေးဆေး Chillတဲ့ဘားမှာ လာဖြစ်နေကြလဲဆိုတာ သူဖြင့်အမြင်မကြည်တော့ပေ။

" ငါ့ကိုလာကပ်တွယ်နေရအောင် မင်းအတွက်ယောက်ျားရှားသွားလို့လား ဒေစီလင်းမော် ဟမ်.... ငါ့အသားကို လာမထိနဲ့ ရွံစရာကြီးလက်ကြီးနဲ့ကွာ"

ချစ်မှရမယ် (Complete)Où les histoires vivent. Découvrez maintenant