" ဒီကအစ်ကိုနဲ့တခြားဆီပါ "

" ဟုတ်ကဲ့ "

    ရှောင်ကျန့်ပြန်ရယ်ပြလိုက်ပေမဲ့ စိတ်ထဲမှာတော့
မင်းတော့နာတော့မယ် ငါကွယ်ရာမှာ ငါမကောင်းကြောင်းပြောရဲတယ်ပေါ့

" အဲ့တာကြောင့် မင်းရောက်ရောက်ချင်း
ဟိုတယ်ငှားတာကိုး "

"  အင်း "

"  ဘာလို့ဟိုတယ်မှာနေမှာလဲ ကျွန်တော်တို့အိမ်မှာလာနေပေါ့ "

    ရှင်းလေးက သူစိမ်းတစ်ယောက်ကို
ကြည်ကြည်ဖြူဖြူနဲ့
ပြောလိုက်တာဖြစ်သည်။

" သခင်လေး မသိတဲ့သူအပေါ်
အဲ့လောက်သဘောမကောင်းနဲ့လေ "

" အစ်ကိုနဲ့သိတာပဲကိုး "

  ရှောင်ဝမ် ရှောင်ကျန့်ကိုသေချာကြည့်ကာ
ရိပေါ်ကို လှည့်ပြောလိုက်သည်။

" မင်းတို့အိမ်စေကလည်း မခေဘူးပဲ "

" အင်း တစ်ချက်တစ်ချက်သူကရူးတက်တယ် "

   ဘာ! ဝမ်က ငါကိုအရူးလိုဆိုလိုတာလား
ဟွန်း!  ဒီကောင်စုတ်လေးရှောင်ကို ငါအမှုတ်ကြိတ်ချင်လာပြီ။
ရိရှင်းက ရှောင်ဝမ်၏အစ်ကိုအကြောင်းမေးရင်
ဘာကြောင့် ငါကိုလှည့်ကြည့်ခဲ့တာလဲ
ရိရှင်းကိုလှည့်စားရတာ ခက်ရတဲ့ကြားက
ဒီငမွှေထိုးရှောင်ဝမ်နဲ့
ပေါင်းမိရင်တော့ ငါဘဝတော့မတွေးရဲဘူး

အိမ်တော်ထိန်းက ဝိုင်ပုလင်းဖွင့်ပြီး ဝမ်နဲ့ရှောင်ဝမ်ကို
ငဲ့ပေးသည်။

" ကျွန်တော်လည်းသောက်မယ် "

" ရှင်းလေးကငယ်သေးတယ် "

" တစ်ခွက်ပဲ အရသာသိအောင်သောက်ရုံပဲ "

"ရှင်းလေး! "

   ဝမ်ကြည့်ရတာ ရှင်းလေးကိုမသောက်စေချင်ပုံပဲ
အလိုမကျမှုကြောင့် ဝမ်မျက်ခုံးတောင်တွန့်သွားသည်။

" သခင်လေးမသောက်ပါနဲ့  "

" ကျွန်တော်တကယ်ပဲမသောက်ရဘူးလား ကိုကို "

  ရှင်းလေးကဝမ်ကိုစူးစိုက်ကြည့်ပြီးမေးသည်။
ကြားထဲက ရှောင်ဝမ်နဲ့ရှောင်ကျန့် ဘာလုပ်ရမှန်းမသိ
ဝမ်ရိပေါ်နှုတ်ကထွက်တဲ့ စကားကို
စောင့်နေမိသည်။

အမြတ်နိုးဆုံးဝမ်Where stories live. Discover now