Cigarette and Chocolate -5

23 3 0
                                    

နက်ခင်းစောစော ကလေးတစ်ယောက်လို စောင်ထဲခွေကာ...''ရားးး မထချင်ဘူး''

သူမပြုမူနေပုံဟာ
မွေးကင်းစကလေးတစ်ယောက်လိုပင်။

သူမရဲ့ပါးဖောင်းဖောင်းတွေကဟာ
သူတစ်ခုခုပြောလိုက်တိုင်း ခေါင်းအုံးနဲ့ထိကာ
အိစိအိစိဖြင့် အလွန်ချစ်စရာကောင်းသည်။

''ဒွီ.....ဒွီ......''

ရုတ်တရက် phone vibrate''
အိပ်ယာပေါ် ငုတ်တုတ်ထထိုင်မိသည်။

''နိုးပြီလား''

သူများကို နိုးပြီလား လှမ်းမေးသော်လည်း
သူကိုယ်တိုင်က အိပ်ယာပေါ်မှောက်လျက်သား ပြန်ကျသွားသည်။

''ရေချိုးတော့မလို့ နင်ကအခုထိအိပ်နေတုန်းလား ယောင်ပြီးဖုန်းဆက်တာတော့မဟုတ်ပါဘူးနော် ဘာဖြစ်ဖြစ်ဒါဘဲ အကုန်ပြီးရင် ဖုန်းဆက်လိုက်မယ်''

''တီ''

ဟန်နီဘာမှပင်ပြန်မပြောလိုက်နိုင်။

''ငါလည်း လုပ်စရာရှိတာ လုပ်ရမယ်
နောက်ကျလို့မဖြစ်ဘူး''

ကိုယ့်ကိုယ်ကို သတိပေးကာ ရေချိုးခန်းထဲဝင်သွားပြီး....

ခေါင်းလျှော်ရန်ပြင်ပြီးမှ ခေါင်းလျှော်ရည်က
ဖင်ကပ်ဘဲ ကျန်လို့ မနက်ခင်းအစမှာတင် စိတ်ရှုပ်သွားရသည်။

သူမဆံပင်ကအရမ်းမရှည်ပေမယ့် ခေါင်းလျှော်ရင် ခေါင်းလျှော်ရည်အများကြီးသုံးတတ်တာအကျင့်ဘဲလေ

အခုတော့ နည်းနည်းနဲ့ သည်းခံလျှော်ရတော့မယ်။

''.....''

''သားရေ နွယ်စောင့်နေတာကြာပြီ
ဆင်းမလာသေးဘူးလား''

ဘုန်းမင်းရှိန်၏အမေက နွယ့်ကိုအတော်
သံယောဇဥ်ရှိသည်။

ငယ်ငယ် ကတည်းက သူ့သားနဲ့အတူ ကြီးပြင်းလာသူမို့ သမီးရင်းတစ်ယောက်လိုဆက်ဆံလေ့ရှိသည်။

ဘုန်းမင်းရှိန်ကတော့ ဒါကိုမကြိုက်ပါ။
နွယ်က နည်းနည်းလေးခွင့်ပြုမိရင်ကို
အခွင့်အရေးအများကြီးယူတတ်တဲ့ ခပ်ဆိုးဆိုးကောင်မလေးဆိုတာ သူသိတာကိုးး

''လာပြီ''

လှေကားကနေ တည်ကြည်သည့်မျက်နှာထားနဲ့
ဆင်းလာသောအညိုရောင် လွှမ်းနေတဲ့
အဲ့ဒီယောက်ျားကို
နွယ် မှင်သက်စွာငေးနေမိသည်။

Cigarette and ChocolateWhere stories live. Discover now