Cigarette and Chocolate -2

39 4 0
                                    

ည ၁၀ နာရီဝန်းကျင်ခန့်တွင်
ပတ်ဝန်းကျင်ဟာ တိတ်ဆိတ်ငြိမ်သက်နေကာ လေပြည်များက ဖြည်းညှင်းစွာတိုးဝင်လာသည်။

ကောင်းကင်ရှိ လမင်းကြီး၏အလင်းရောင်သည်
ဖြာကျနေပြီး ၎င်း၏အနားတွင်ဝန်းရံထားသော
ကြယ်ကလေးများလည်း လင်းလက်နေသည်။

သူဟာလည်း တစ်စုံတစ်ယောက်သောသူအကြောင်းကိုတွေးမိနေလေရဲ့

ဘုန်းမင်းရှိန်သည် အိမ်ပြန်ရောက်၍ ရေချိုး၊
ညစာစားပြီး အနားယူချိန်မှစ ဟန်နီ့အကြောင်းကိုဘဲ တွေးမိနေတော့သည်။

''အတော်လေးစိတ်ဝင်စားစရာကောင်းတဲ့မိန်းကလေးဘဲ'' ဝရံတာတွင်လေတိုက်ခံရင်း နှုတ်မှပြောထွက်မိသွားသောစကားသံ။

ဘုန်းမင်းရှိန်အတွေးများနေတုန်းမှာပင်
အိပ်ခန်းထဲမှာ ဖုန်းမြည်လာသည်။

ဘုန်းမင်းရှိန်လည်းဖုန်းကိုကောက်ယူကာ
''သံစဥ်ချို''

သံစဥ်ချိုနှင့် ဘုန်းမင်းရှိန်သည် မောင်နှမတစ်ဝမ်းကွဲဖြစ်သည်။ဒီနေ့ပွဲကိုလည်း
အကောင်းဆုံးဖြစ်စေချင်သောကြောင့်

သံစဥ်ချိုက ဘုန်းမင်းရှိန်ကို ဦးဆောင်ကာတာဝန်ယူစီမံစေခဲ့ခြင်းဖြစ်သည်။

''ကိစ္စရှိလို့လားဒီအချိန်ကြီး''

''ထွေထွေထူးထူးမရှိပါဘူး ပွဲမှာတုန်းကကောင်မလေးအဆင်ပြေရဲ့လားလို့''
သံစဥ်ချိုသည် ပင်ပန်းနေသော်လည်း ဟန်နီ့ကိုစိတ်ပူနေပုံပေါ်သည်။

သံစဥ်ချိုသည် fan တွေအပေါ်အမြဲကောင်းပေးပြီးလေးစားမှုရှိသည်။

ဒီနေ့ကိစ္စမှာလည်း သူမလိုက်ပေးချင်ပေမယ့် အလုပ်ကိစ္စတွေမပြတ်သေး၍ ဘုန်းမင်းရှိန်တစ်ယောက်တည်းသာစီမံစေခဲ့သည်။

''အင်း အဆင်ပြေပါတယ်
နည်းနည်းလန့်သွားရုံပါတဲ့
ဒါပေမယ့်ဆေးတော့ပေးလိုက်တယ် ဘာလဲ
နင်စိတ်ပူလို့လား''

''စိတ်ပူတာပေါ့ ငါ့ fan ပဲဟာ'' သံစဥ်ချိုက စိတ်မရှည်သောလေသံဖြင့်ပြန်ဖြေသည်။

''အေးပါ နားလည်ပါတယ် စိတ်ကြီးဘဲ''

''ဒါနဲ့လေ သူနဲ့ဆက်သွယ်လို့ရမဲ့တစ်ခုခုမရခဲ့ဘူးလား ငါတာဝန်ရှိသလိုခံစားနေရတယ် ''

Cigarette and ChocolateWhere stories live. Discover now