Cigarette and Chocolate -1

55 6 1
                                    

၁၀ကျော်သက်အရွယ်အတိုင်းမှာ အချစ်ဦးဆိုတာရှိခဲ့လိမ့်မယ် ဒါလူတိုင်းတော်တော်များများမှာကို သေချာပေါက်ရှိခဲ့လိမ့်မယ် အဲ့ထဲကမှကံကောင်းတဲ့သူတွေကတော့ အချစ်ဦးနဲ့အချိန်တွေအကြာကြီးအတူရှိနိုင်သူ ကံအကောင်းဆုံးက‌တော့ အချစ်ဦးနဲ့လက်ထပ်ရတာဘဲ

"ရေးးးးး သံစဉ်ချို သံစဉ်ချို သံစဉ်ချို"

ညနေ၆နာရီလောက်ရှိလောက်ပြီ ဒီနေ့က အဆိုတော်
သံစဉ်ချိုရဲ့ ရှိုးပွဲလေ သူကနာမည်နဲ့လိုက်အောင် သူ့အသံကချိုတယ် သူမမှာfanတွေလည်းအများကြီးရှိတယ် သူမရဲ့ပွဲကလူတွေပြည့်နေတတ်ပြီး လက်မှတ်တွေလည်း အကုန်ရောင်းရတယ် ပွဲစမယ်မဲ့အချိန်ရောက်တော့မှာကြောင့် စင်အောက်ကပရိတ်သတ်ရဲ့အသံတွေဟာ ဆူညံနေကြသည်

"ဟဲ့ မြန်မြန်လာ ပွဲထဲ လူတွေတောင် ပြည့်နေပြီ"

"အေးပါ လာနေပြီ ဖြည်းဖြည်းသွားပါ စင်ကထွက်မပြေးပါဘူး"

"ဖြည်းဖြည်းသွားလို့ရမလား နင်ဓာတ်ပုံရိုက်နေတာအကြာကြီးဘဲ"

''ဟန်နီအိမ်'' ဆိုသည့် ‌ကောင်မလေးသည်
သူမ၏သူငယ်ချင်း နှေးကွေးနေသောပပမောင်ကိုစိတ်ဆိုးတကြီးပြောကာ ခြေလှမ်းကျဲများဖြင့် ပွဲထဲဝင်သွားသည်။

အဆိုတော်သံစဉ်ချိုဖျော်ဖြေတော့ ဟန်နီအိမ်သည် နှစ်သက်ဝမ်းသာ‌သောမျက်ဝန်းများဖြင့် ကြည့်နေသည်။

ဟန်နီအိမ်သည် အသားညိုသူဖြစ်သော်လည်း သူမ၏အသားရောင်သည်ဝင်းလဲ့သည်။

ဂုတ်လောက်ရှိသည့်ဆံပင်နှင့် မျက်ဝန်းဝိုင်းဝိုင်း နှာတံတိုတို နှုတ်ခမ်းမထူမပါးလေးဖြင့် ရယ်လိုက်လျှင်သွားတက်ကလေးပေါ်နေပြီး ရင်းနှီးသူတိုင်းကချစ်စရာလေးဟု ပြောစမှတ်ပြုရသည်။

ဟန်နီအိမ်သည် အညိုရောင်များကိုချစ်မြတ်နိုးသူဖြစ်ပြီး သူမအသုံးအ​ဆောင်ပစ္စည်းတော်တော်များများ၏အရောင်မှာ အညိုရောင်ဖြစ်သည်။

ဒါကြောင့် သူမသူငယ်ချင်းပပမောင်သည် သူမကိုBrown Girlဟုခေါ်လေ့ရှိသည် ယနေ့ဝတ်လာသောအရောင်သည်လည်း တစ်ကိုယ်လုံးအညိုရောင်ဖြစ်သည်။

Cigarette and ChocolateWhere stories live. Discover now