Cigarette and Chocolate -3

34 4 0
                                    

''ဟွန့် ဘာမှန်းမသိဘူး ဒါလေးတောင်းဆိုတာကို''
မကျေမနပ်ဖြစ်ကာ နှုတ်မှပွစိပွစိနဲ့ပြောနေသော ''နွယ်''

''သူဘယ်ကတည်းကအဲ့လိုဖြစ်သွားတာလဲ ငယ်ငယ်ကသူပဲငါ့နားအတင်းလိုက်ကပ်နေပြီးတော့''
နားမလည်နိုင်စွာ ​နွယ်ကတစ်ယောက်တည်း
မေးခွန်းတွေထုတ်နေခဲ့မိသည်။

တကယ်ပဲ နွယ်က ''ဘုန်းမင်းရှိန်''
သူမ ကိုကြည့်မရသည်ကို နည်းနည်းလေးမျှပင်
မသိပေ။

ဒီအတိုင်း ဘုန်းမင်းရှိန်စိတ်မကြည်တဲ့အချိန်မလို့
ပြောလိုက်တာဟုသာထင်နေသည်။

နွယ်သည်ဘုန်းမင်းရှိန်အပေါ်သံယောဇဥ်ရှိသည်။
သူမအတွက်အားကိုးရာဟာ
ဘုန်းမင်းရှိန်တစ်ယောက်သာရှိတော့သည်။

နွယ့်မိဘတွေဟာ သူမ ၁၈ နှစ်အရွယ်မှာ
Car accident ဖြစ်ကာဆုံးပါးသွားခဲ့သည်။

ထို accident တွင်ဘုန်းမင်းရှိန်၏ အဖေလည်း
ပါရှိခဲ့သည်။

အဖြစ်အပျက်များစွာဖြစ်ပျက်ခဲ့သည့် ထိုအချိန်မှစ၍ လိမ္မာပါးနပ်ပြီးသားဖြစ်သည့် ဘုန်းမင်းရှိန်သည် ပိုမိုရင့်ကျက်လာပြီး
လူငယ်လေးပုံစံ လုံးဝပျောက်ကွယ်သွားခဲ့သည်။

နွယ်ဟာလည်း မိဘတွေမရှိတော့သည့်အခါ မွေးချင်းမောင်နှမလည်းမရှိတာကြောင့် သူမ၏အဖေကုမ္ပဏီကို ဦးစီးခဲ့ရသည်။

နွယ်တွင်ငယ်ငယ်ကတည်းက ခင်လာရသည့်
ဘုန်းမင်းရှိန်တစ်ယောက်သာရှိပြီး
နွယ်နှင့်သွားအတူလာအတူ သူငယ်ချင်းတွေဟာလည်း သူမက ငွေကြေးပြည့်စုံလို့ပေါင်းနေခြင်းသာဖြစ်သည်။

နွယ်သည် သူမ ၁၆ နှစ်အရွယ်လောက်ကတည်းက ဘုန်းမင်းရှိန်ကို
တိတ်တခိုးသဘောကျခဲ့သူဆိုလည်းမမှားပေ။

ဒါကြောင့်လည်း ဘုန်းမင်းရှိန်နားမှမခွာနိုင်ဖြစ်ရခြင်းပင်။

ဘုန်းမင်းရှိန်ကတော့ ဘာကိုမှစိတ်မဝင်စားပဲ သူ့ဘဝကို ခံစားချက်မရှိပဲဖြတ်သန်းခဲ့သည်။

အမေနဲ့အတူညစာစားချိန်က သူ့အတွက် ပြီးပြည့်စုံသောခဏတာဖြစ်သည်။

ဘုန်းမင်းရှိန်သည် မိန်းကလေးဆန်သော မိန်းကလေးမျိုးကို ကြည့်မရပါ။
ဥပမာ- ''နွယ်''

Cigarette and ChocolateWo Geschichten leben. Entdecke jetzt