Cigarette and Chocolate -4

27 4 0
                                    

''အဲ့ဒီမှာအဆင်ပြေရဲ့လား သမီး''

''ဟုတ် အားလုံးအဆင်ပြေပါတယ် Mommy''

''နောက်နှစ်ရက်နေရင် Mommy ပိုက်ဆံလွှဲပေးလိုက်မယ်နော် ကျန်းမာရေးလည်းဂရုစိုက်ဦး''

''Mommy လည်းဂရုစိုက်နော် Australia မှာရော အခြေနေဘယ်လိုရှိလဲ အားလုံးအဆင်ပြေတယ်မလား''

''အင်း ပြေပါတယ်''

''အချိန်ထပ်ပေးပါနော် သမီးအကောင်းဆုံးလုပ်ပြီး Mommy သမီးကို ကောင်းကောင်းထားနိုင်သလို Mommy ​ကိုလည်း တန်ပြန်သက်ရောက်စေမှာပါ ဟီးဟီးး''

''Mommy က သမီးလေးကိုယုံပါတယ်ကွယ်''

''ဒါဆိုလည်းပြီးရော''

'' ဒါဆို  ဖုန်းချလိုက်တော့မယ်နော် လုပ်လက်စလေးတွေရှိလို့''

တာ့တာ Mommy ချစ်တယ်။''

"Mommy လည်းချစ်ပါတယ် ဘိုင့်''

''တီ''

''တင်းတောင်''

''ဝင်ခဲ့''

''ဘယ်အချိန်သွားမှာလဲ''
ပပမောင်ကကောင်လေးနဲ့တွေ့ဖို့မစောင့်နိုင်တော့ပေ
ဒါကြောင့်ဟန်နီ့ကိုကျောင်းမြန်မြန်သွားစေချင်သည်

''နေပါဦး ဘာလို့အဲ့လောက်တောင်လောနေတာလဲ''

''ကိုကိုစောင့်နေပြီတဲ့ ဟွန့်''

''အဲ့လောက်ဖြစ်နေလည်း
နင့်ဟာနင်တစ်ယောက်တည်းသွား တောသူမ​''
ဟန်နီက တစ်နေ့တစ်နေ့ကိုကိုဆိုတာဘဲ ကြားနေရတော့ တဖြည်းဖြည်း ကြည့်မရတော့ပေ။

''ငါ breakfast မစားရသေးဘူး လောနေတယ်မလား သွားတော့''

''ဒါဆိုလည်းအားမနာတော့ဘူးနော် သွားပြီ'' မသွားချင်တာကို အတင်းမောင်းထုတ်ခံလိုက်ရသည့်ပပမောင်။

ဟန်နီကတော့ ဒီနေ့ ဘာဖိနပ်စီးရမလဲဆိုပြီး
ဗြာများကာကျန်နေခဲ့သည်။

''order please''

''Espresso''

ဝိတ်တာအမျိုးသားလှည့်ထွက်သွားတော့

''စောင့်လိုက်ရတာ ဘာတွေလုပ်လို့ကြာနေတာလဲ''
ပပမောင်က နောက်ကျတာကြောင့်
စိတ်ဆိုးနေသယောင်

Cigarette and ChocolateWhere stories live. Discover now