VIII

27 4 0
                                    


မွဲခြောက်ခြောက်မီးခိုးရောင်တွေက ငါ့ကိုအလုံပိတ်အခန်းထဲမှာ ပိတ်လှောင်ထားတယ်။ ပြီးတော့ မင်း . .
ငါ့ရဲ့အသက်မဲ့နေတဲ့ရောင်စဉ်တွေကို ထုခွဲခံရတဲ့မှန်တစ်ချပ်လို ကွဲကြေစေသွားခဲ့ပြီး . . . မင်းက အဲ့ဒီနေရာမှာရှိနေခဲ့တယ်။ အရောင်အသွေးကင်းစင်တဲ့ ပိတ်ကားထက်မှာ တစ်ခုတည်းသော ဆေးရောင်စုံအဖြစ်နဲ့ ငါ့အတွက်ရှိနေခဲ့တယ်။

မြူခိုးတွေဖုံးလွှမ်းနေခဲ့တဲ့ မျက်ဝန်းတစ်စုံက သူ့တစ်ယောက်တည်းကိုသာမြင်တွေ့ရနိုင်ဖို့ နှစ်ပေါင်းမရေမတွက်နိုင်အောင် စောင့်မျှော်နေခဲ့ရသလိုပဲ။

အုံ့မှိုင်းနေတဲ့ကမ္ဘာကြီးကို သန့်စင်ပေးဖို့ ကြည်လင်အေးမြတဲ့ မိုးစက်မိုးမွှားလေးတွေက ကျဆင်းလာပေးတယ်။ မီးခိုးရောင်မြက်ခင်းပြင်ကြီးက စိမ်းစိမ်းစိုတယ်။ မီးခိုးရောင်ကောင်းကင်ကြီးက မိုးပြာပြေးတယ်။ မီးခိုးရောင်ခေါင်မိုးလေးက လိမ္မော်နီရဲ။ မီးခိုးရောင်နံရံကြီးက ဝါဖျော့ဖျော့နဲ့ မီးခိုးရောင်ရေးခြစ်ထားတဲ့ စကားလုံးတွေက သက်တံ့ရောင်စင်လို ကွေးညွတ်ကြတယ်။

မီးခိုးရောင်ကြမ်းခင်းကြီးက ညိုသွေးသွားပြီး မီးခိုးရောင် ခြေဖမိုးတွေနဲ့လက်ခုံတွေက အသားရောင်ပြည့်ဖြိုးလာတယ်။ ပေါက်ခနဲ ရေစက်ရေပေါက်လေးတစ်စက်က သူ့ပါးပြင်ပေါ်လာစင်တယ်။ ပါးပြင်ကိုပွတ်ဆွဲလိုက်တော့ မီးခိုးရောင်တွေက သူ့လက်ဖဝါးမှာစွန်းပါလာတယ်။
သူ . . ရှိနေခဲ့ပါတယ်။ သူ့အတွက်ရှိနေခဲ့တယ်။

နောက်ထပ် အေးစက်တဲ့ရေစက်တစ်ပေါက်က သူ့မျက်ခွံပေါ်ဆင်းသက်လာတယ်။ သူ့နဖူးပေါ်၊ သူ့ပါးပြင်ပေါ်၊ သူ့မေးစေ့ပေါ်။ အလျင်စလိုဖွင့်လိုက်ရတဲ့မျက်ခွံတွေနောက်မှာ စိမ်းသက်တဲ့ကောင်းကင်ကြီးက ဦးစွာနှုတ်ဆက်တယ်။ မျက်နှာပေါ်ကရေစက်တွေကိုဖယ်ထုတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို စူးစမ်းမိတော့ သူကရေပြင်ပြာလယ်မှာရောက်နေတယ်ဆိုတာ သိလိုက်ရတယ်။ ပင်လယ်ပြာအလယ်က လေယာဉ်ပျက်တစ်စင်းရဲ့အတောင်ပံတစ်ခြမ်းပေါ်မှာ။ ပြာလဲ့လဲ့ပင်လယ်ရေတွေက အတောင်ပံတစ်ခုလုံးကို ဖုံးလွှမ်းသွားဖို့ အရွယ်ရောက်လင်းပိုင်တစ်ကောင်စာလောက်ပဲလိုတော့တယ်။

You've reached the end of published parts.

⏰ Last updated: Apr 19, 2023 ⏰

Add this story to your Library to get notified about new parts!

quixotic Where stories live. Discover now