VI

10 5 0
                                    

“ သူဒီနေ့လည်းဘယ်သူ့ကို စိတ်ကောက်နေတာပါလိမ့် “

သဲပြင်ပေါ်ကျောခင်းထားတဲ့ ရှောင်းကျန့်ဘေးမှာ ရိပေါ်ရှိတယ်။ သူတို့နှစ်ယောက်က နေမင်းကြီးမရှိတဲ့အုံ့မှိုင်းမှိုင်းတိမ်တိုက်တွေကို ငေးကြည့်နေကြတယ်။

“ နွေဦးမရောက်ခင်အချိန်ထိ မင်းမြင်တွေ့နိုင်မှာမဟုတ်ဘူး။ နွေဦး . . နွေရာသီ အဲဒီချိန်စက်ဝန်းကြီးကသာ သူ့ရဲ့ပိုင်နက်နယ်မြေကြီးလေ။ nah! သူ့ဟာသူဘယ်အချိန်ထွက်ထွက်၊ သူကငါ့အကြိုက်မဟုတ်ပါဘူး “

“ ဘာလို့လဲ။ သူက ကမ်းခြေအတွက် စောင်တစ်ထည်နဲ့တူတယ်လေ။ နေရောင်ခြည်ရေပန်းကြီးလိုပဲ။ သစ်တောထဲကကြည့်မယ်ဆိုရင် နေရောင်ခြည်ရေတံခွန်တွေကိုမြင်ရတယ် “

ရိပေါ်က မပြောင်းလဲစွာ ခြေတစ်ခါခါလက်တစ်ခါခါ။ တိမ်ထူထူနေ့တစ်နေ့ရဲ့ ပင်လယ်ရေပြင်ကြီးဘေးမှာ သောကကင်းကင်းလှဲအိပ်နေချိန် ဘာလို့တစ်ခြားနေ့ရက်အတွက် ပုံဖော်ရေးဆွဲနေဦးမှာလဲ။ တိုက်လေကအေးစက်ပါတယ်။ အနွေးဓာတ်လေးက ဘေးနားမှာရှိနေခဲ့တာပဲ။ ဘာကိုတောင်းတနေရဦးမှာလဲ။

“ အကြောင်းအရာတစ်ချို့ကြောင့်နဲ့ မင်းကနွေရာသီကိုကြိုက်တယ်လို့ ငါထင်နေတယ်ရော် “

တိမ်စိုင်တွေရဲ့အရိပ်က သူတို့နှစ်ယောက်ကို အုပ်မိုးထားတယ်။ မျက်လုံးတွေမှိတ်လို့ ငြိမ်သတ်တဲ့ရေလှိုင်းတွေရဲ့ သီဆိုသံကို နားစွင့်ထားမယ်။
သူက . . . သူက ကြည်လင်တဲ့အညိုရောင်သမုဒ္ဒရာလေးထဲကို ရူးသွပ်စွာခုန်ဆင်းသွားမယ်။ အနက်ရှိုင်းဆုံးအောက်ခြေထိ ရေမှော်ပင်တွေနဲ့ရစ်ပတ်ခေါ်သွားနိုင်တယ်။ သာယာချိုအေးတဲ့ ဂီတသံကို သူသိပ်သဘောကျတယ်။

ညို့ကောင်းကင်ယံပေါ် ရောင်စုံသက်တန့်လိုကျော်ဖြတ်သွားတဲ့ အစုအဝေးကို ရှောင်းကျန့်ကညွှန်ပြတယ်။ သောင်ပြင်ကြီးကမော့ကြည့်ရတဲ့ ကောင်းကင်ထက်မှာ လွတ်လွတ်လပ်လပ် ပျံသန်းနေကြတဲ့ အရောင်အသွေးစုံတဲ့ငှက်ငယ်တွေ။

ငှက် ?
ငှက်တွေဖြစ်နိုင်ပါ့မလား။

အမြင်မှားတယ်ဖြစ်မှာစို့လို့ မတ်တတ်ထရပ်ပြီးတော့ကို သေချာစမ်းစစ်လိုက်တယ်။ သူတို့က ငှက်တွေမဟုတ်ခဲ့ဘူး။ အတောင်ပံဖြန့် ပျံသန်းနေကြတဲ့ သူတို့တွေက . . .

quixotic Where stories live. Discover now