Chapter 57

6.2K 745 30
                                    


" ဖူရှန်း!"

ဧကရာဇ်ကျင်းလိ ခေါ်လိုက်သည်။

" ဒီအစေခံရှိပါတယ်!"
ဖူရှန်း ကပျာကယာပြန်ဖြေလိုက်သည်။

" စောင်တစ်ထည်သွားယူ!"

" ??? အရှင်မင်းကြီး... အရှင်မင်းကြီးရှီးကျောက်ရုန်ကိုစောင်သွားပေးမှာတော့မဟုတ်ပါဘူးနော်?"

" ဟုတ်တာပေါ့!"

" ဒါပေမဲ့-"

ဒါပေမဲ့ လျောင်အိမ်တော်ကဆင်းရဲကြောင်း ဖူရှန်းပြောရတဲ့အကြောင်းပြချက်က ဧကရာဇ်ကလျောင်အိမ်တော်ကိုတစ်ခုခုဆုချီးမြှင့်ရအောင်လို့လေ။ ဒီလိုလုပ်ခြင်းအားဖြင့် အရှင်မင်းကြီးကထောက်ပံ့ဖို့နည်းလမ်းရှာနိုင်ပြီး ရှီးကျောက်ရုန်ကိုအရမ်းလွမ်းနေစရာမလိုတော့မှာ။ အရှင်မင်းကြီးကကိုယ်တိုင်စောင်သွားပို့မယ်လို့တော့ သူမမျှော်လင့်ထားခဲ့မိဘူးပေါ့။

အဲ့ဒီအပြင် လျောင်အိမ်တော်ကနွမ်းပါးပေမဲ့ သူတို့မှာရှီးကျောက်ရုန်အတွက် စောင်ပြတ်လပ်နေမှာတဲ့လား?

လွန်ခဲ့တဲ့ရက်အနည်းက လျောင်အိမ်တော်ကိုချီးမြှင့်ထားတဲ့ငွေတေးတစ်ထောင်ကို အရှင်မင်းကြီးမေ့သွားတာလား?

စောင်တစ်ထည်‌ပို့မယ်....အရှင်မင်းကြီးကဒီလိုတွေးလိုက်တာ မယုံနိုင်စရာပါပဲ!

" ဘာဒါပေမဲ့လဲ?"
ဧကရာဇ်ကျင်းလိမေးလိုက်သည်။

ဖူရှန်းကခေါင်းငုံ့လိုက်ကာ ပြောလိုက်သည်။
" ဒါပေမဲ့ အရှင်မင်းကြီးကနန်းတော်ကြီးကိုအုပ်ချုပ်နေတဲ့မင်းတစ်ပါးပါ အရှင်မင်းကြီးနန်းတော်ထဲကထွက်သွားရင် မကောင်းတဲ့ကောလဟလတွေမလွဲမသွေထွက်လာပါလိမ့်မယ်"

ဧကရာဇ်ကျင်းလိ ခဏတန့်သွားတော့ ဖူရှန်း သတိထားပြီးမေးလိုက်သည်။

" ဟုတ်တယ်မလား အရှင်မင်းကြီး?"

" မှန်တယ်!"

ဖူရှန်းမှာ ချက်ချင်းပင်စိတ်သက်သာရာရသွားပြီးသက်မချလိုက်သည်။

ထို့နောက်ဧကရာဇ်ကျင်းလိ ဆက်ပြောလိုက်သည်။
" ဒါဆို ကျန်းကရုပ်ဖျက်သွားရမှာပေါ့!"

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Unde poveștirile trăiesc. Descoperă acum