Chapter 11

9.5K 964 23
                                    


ဖူရှန်းအလိုအလျောက်ပဲဧကရာဇ်ကိုထိန်းပေးမလို့ကြိုးစားလိုက်တော့ ဧကရာဇ်ကျင်းလိလက်မြှောက်ပြီးသူ့ကိုတားလိုက်တယ် ဖူရှန်းအနောက်ပြန်ဆုတ်လိုက်သည်။

ဧကရာဇ်ထိုနေရာမှာပဲရပ်နေပြီး လျောင်ချင်းချင်းကိုကြည့်လိုက်တယ် လျောင်ချင်းချင်းတစ်စုံတစ်ခုကိုအာရုံခံမိသွားပြီး သူမခေါင်းကိုလှည့်ကြည့်လိုက်တော့ ခြံဝန်းအဝင်ဝမှာရပ်နေတဲ့ဧကရာဇ်ကိုတွေ့သွားသည်။ သူမသွက်သွက်လေးလျှောက်ထွက်လာပြီး အရိုအသေပေးလိုက်သည်။

" ဒီကိုယ်လုပ်တော် အရှင်မင်းကြီးကိုကျန်းမာပါ‌စေကြောင်း နှုတ်ခွန်းဆက်သအပ်ပါတယ် "

" ထလော့"

" အရှင်မင်းကြီး ဒီကိုဘာအတွက်ကြွချီလာတော်မူရတာလဲ?" လျောင်ချင်းချင်းထရပ်ပြီးမေးလျှောက်သည်။

ဧကရာဇ်ကျင်းလိ သူ့ခေါင်းကိုမော့ရင်းပြန်မေးသည်။
" ကျန်း လာလည်လို့မရဘူးလား?"

လျောင်ချင်းချင်းအမြန်ရှင်းပြဖို့ကြိုးစားလိုက်တယ်
" ရတာပေါ့ အဲ့လိုသဘောမျိုးမဟုတ်ပါဘူး"

" ဒါဆို ဘာသဘောမျိုးလဲ ?"

" အရှင်မင်းကြီးက ဒီကိုယ်လုပ်တော်ရဲ့အဆင့်ကိုတိုးမြှင့်ပေး ပစ္စည်းတွေအများကြီးချီးမြှင့်ပေးပြီး အခုလဲဒီကိုယ်လုပ်တော်ကိုလာတွေ့တယ် ဒီကိုယ်လုပ်တော်ကဝမ်းသာနေတာပါ"

" မင်းတကယ်ဝမ်းသာနေတယ်ပေါ့?"

" ဟုတ်ပါတယ်"

" ဪ ဒါပေမဲ့ ကျန်းအခုလေးတင်ပဲ' စားစရာတွေသာဆိုရင် ကောင်းမှာပဲ'လို့မင်းပြောနေတာကိုကြားခဲ့တယ် အဲ့ဒါကဘာအဓိပ္ပါယ်လဲ ?" ဧကရာဇ်ကျင်းလိမျက်ခုံးအနည်းငယ်ပင့်ရင်းမေးလာသည်။

"......" သူတကယ်ကြီးကြားသွားတာဟ

" ကျန်း မင်းကိုချီးမြှင့်တဲ့ပစ္စည်းတွေကလုံလောက်အောင်မကောင်းဘူးလို့ မင်းထင်တာလား?" ဧကရာဇ်ကျင်းလိဆက်မေးသည်။

လျောင်ချင်းချင်း ပြာပြာသလဲဖြေလိုက်တယ်
" မဟုတ်ပါဘူး အဲ့ဒါတွေကအရမ်းကောင်းပါတယ်!"

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Where stories live. Discover now