Chapter 52

6.8K 760 7
                                    


" ပြောစမ်းပါအုံး"
ဧကရာဇ်ကျင်းလိက အေးအေးလူလူပင်လက်ဖက်ရည်စုပ်သောက်လိုက်သည်။

ဒါပေမဲ့ လျန်ကွေ့ဖေးကတော့သက်သောင့်သက်သာရှိမှုကိုလုံးလုံးမခံစားရဘူး။ သူမခေါင်းထဲကဘီးလုံးတွေစတင်လည်ပတ်လာသည်။

ရှန်....ရှန်ဖေး?

ရှန်ဖေးကအားလုံးဝန်ခံလိုက်တာလား?

ဘာကြောင့်လဲ?

ဘာကြောင့်ရှန်ဖေးကသူမကိုသစ္စာဖောက်ရတာလဲ?

သူမကရှန်ဖေးကိုလုံလောက်အောင်မကောင်းခဲ့လို့လား?

မဟုတ်ဘူး!

မဖြစ်နိုင်ဘူး!

ရှန်ဖေးကသူမကိုသစ္စာဖောက်မှာမဟုတ်ဘူး။
ဒီမနက်ကတင် ရှန်ဖေးကလျောင်ချင်းချင်းကိုနင်းခြေပစ်ချင်နေတဲ့ပုံလေ။ သူမကညနေမှာ ရပ်တည်ချက်ပြောင်းသွားတာက မဖြစ်နိုင်ဘူး။

အဲ့ဒါကဧကရာဇ်ကျင်းလိပဲ!

သူကသူမကိုလှည့်စားနေတာ!

ဧကရာဇ်ကျင်းလိရဲ့ များပြားလှတဲ့လှည့်ကွက်တွေကအမြဲတမ်း မတူညီကြဘူး။ မဟုတ်ရင် သူကအမတ်တွေကိုအရေးမပါအရာမရောက်ဖြစ်အောင်လုပ်နိုင်ခဲ့မှာမဟုတ်ဘူး!

ထိုအတွေးဖြင့် သူမတည်ငြိမ်သွားတော့သည်။ သူမရဲ့တောင့်တင်းနေတဲ့မျက်နှာဟာ သဘာဝကျမှုကိုဖြေးညှင်းစွာပြန်လည်ရရှိလာပြီး မျက်မှာပေါ်မှာအပြုံးတစ်ပွင့်ပေါ်လာသည်။ ထို့နောက် သူမကညင်သာစွာမေးလိုက်သည်။

" ညီမလေးရှန်ဖေးကအရှင်မင်းကြီးကိုဘာပြောလိုက်လဲဆိုတာ ချန်ချဲ့‌သိချင်မိတယ်"

" မင်းမသိဘူးပေါ့?"

ဧကရာဇ်ကျင်းလိ လက်ဖက်ရည်ခွက်ကိုညင်သာစွာချလိုက်သည်။ သူ့မျက်လုံးတွေကဖြေးညင်းစွာမော့လာပြီး လျန်ကွေ့ဖေးကိုအကြည့်စူးစူးတစ်ချက်ပစ်လွှတ်လိုက်သည်။

လျန်ကွေ့ဖေးဟာစိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားခဲ့တယ်ဆိုသော်ငြား ဧကရာဇ်ကျင်းလိဆီကထိုကဲ့သို့အကြည့်ကိုရင်ဆိုင်ရတဲ့အခါ သူမနှလုံးသားဟာအလိုအလျောက်တုန်ယင်သွားခဲ့သည်။ သူမကိုယ်သူမတည်ငြိမ်အောင်ဖိအားပေးလိုက်ပြီး ခေါင်းငုံ့ကာပြန်ဖြေလိုက်သည်။

အရှင်မင်းကြီးနေမကောင်းဘူး [ Completed]Où les histoires vivent. Découvrez maintenant