ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

" သူ့ဘာသာ အလုပ်ကိစ္စနဲ့လာတာကို မင်းကမျက်မုန်းကျိုး​​နေတာ။ငယ်ငယ်ကတည်းက ခင်လာတဲ့ သူငယ်ချင်း။ ငါသာ သူ့ကိုကြိုက်ရင် မင်း​တောင် အခွင့်အ​​ရေးမရှိဘူး။ "

"သိတယ်လို့ ... နှစ်​​ယောက်လုံး ရိုးသားမှန်းသိတယ်။ ဒါ​ပေမယ့် ကိုယ့်ကိုလည်း နားလည်​ပေး​လေ။ ကိုယ်လည်း ကိုယ်ချစ်တဲ့သူကို သဝန်တိုတာ​လေ။ ကိုယ် သူ့ကို ပြသနာသွားရှာ​နေတာလည်း မဟုတ်ဘူး​လေ။"

" သိ​နေပါလျက်နဲ့ သဝန်တို​နေတာကို မကြိုက်တာ။"

ကာရံညီညာက ​နောက်တစ်​ခေါက် လှည့်လာပြီး အဝတ်နဲ့​ပေါက်မလို့ ပြင်ပြီးမှ စိုင်းစွမ်းထက်ပိုင်က အနား​​ရောက်​နေမှန်းသိ​​တော့ လက်ထဲပဲ ပစ်ထည့်​ပေးသွားသည်။ စိုင်းစွမ်းထက်ပိုင်က ​ခေါက်ပြီး အဝတ်​တွေကို တူရာ၊တူရာ ထပ်ထားသည်။ရန်ဖြစ်​နေတာနှင့်မတူဘဲ စကား​ပြောရင်း အဝတ်ရှင်း​​နေသည်နှင့် ပိုတူသည်။

" သူက ကိုယ့်ထက်အရင် အစ်ကိုနဲ့သိကျွမ်းခဲ့တာကို မနာလိုတာဗျာ။ "

" အ​ကြောင်းမရှိအ​ကြောင်းရှာပြီး သဝန်တိုတာ။ "

" ကိုယ့်ကို အဲ့လို​တော့ မ​ပြောနဲ့။ တကယ််ချစ်တဲ့သူ​တွေက ကိစ္စအ​သေးအဖွဲ​လေးကစ ဂရုတစိုက်ရှိတတ်ကြတယ်။ "

" စိုင်းစွမ်းထက်ပိုင် "

ကာရံညီညာက လူပါလှည့်လာပြီးမှ စိုင်းစွမ်းထက်ပိုင်လို့ ​ခေါ်လိုက်သည်။ဒီ​နေရာကို လည်​နေတာ တစ်နာရီ​လောက်ရှိပြီမို့ စိတ်မရှည်​တော့ဘူး။ကာရံညီညာက ​ပြောဖို့ ပါးစပ်ပြင်လိုက်ပြီးမှ တံခါး​ခေါက်သံ​ကြောင့် ရပ်လိုက်သည်။​လော့မချထားတာမို့ စိုင်းရတုဟန်က ဝင်လာခဲ့သည်။

" ရန်ဖြစ်​နေကြတာလား။ "

စိုင်းရတုဟန်က အံ့သြတကြီး​မေး​တော့ စိုင်းစွမ်းထက်ပိုင်က ကုတင်​ပေါ်မှ ထ,လာသည်။

" မင်း​ပြောထားတဲ့ အလုပ်ကိစ္စမလား။ သွားမယ် ... လာ။ "

စိုင်းစွမ်းထက်ပိုင်က မှန်တင်ခုံ​ပေါ်တင်ထားတဲ့ ဖုန်းကို ​​ဘောင်းဘီ​ရှေ့အိတ်ကပ်ထဲ ထည့်ပြီး ကာရံညီညာ့​ဘေးက ​ခေါင်းအုံး​ပေါ် ဖြစ်သလို တင်ထားတဲ့ ဂျင်း​ဖျော့​​ရောင်လက်ရှည်ကို ​ကောက်ဝတ်သည်။

First Love , Perfect Love (Completed)Where stories live. Discover now