Chapter15(Unicode+Zawgyi)

Comenzar desde el principio
                                    

'ဟင်....'

'အဲ့အမှန်တရားကိုသိလိုက်ရတော့ငါဘယ်လောက်စိတ်ပျက်ခဲ့လဲနင်သိရဲ့လား...?ဆယ်နှစ်ဆယ်မိုးတွဲခဲ့တဲ့ကိုယ်သိပ်ချစ်ရတဲ့သူကငါမဟုတ်တဲ့ဟိုတနေ့ကမှပေါ်လာတဲ့တခြားတစ်ယောက်ကိုငါ့ထက်ပိုတွယ်တာခဲ့တယ်...သံယောဇဉ်တွယ်ခဲ့တယ်တဲ့လေ....ချစ်တယ်လို့သူ့နင့်ကိုဖွင့်မပြောခဲ့ဘူးမှန်တယ်..အဲ့တာဘာကြောင့်လဲသိလား...?ဟက်..သူကသိပ်ကိုယောကျ်ားပီသချင်တာလေ....နင့်ကိုမချစ်ချင်တာထက်မချစ်ရဲဘူး...သူမာန..သူ့သိက္ခာအတွက်နင်နဲ့လက်ထပ်မဲ့အစားငါ့ကိုရွေးခဲ့တယ်....ငါကလဲအဲ့တောင်းဆိုမှုကိုလက်ခံခဲ့တယ်..အော်..သူနောက်ဆုံးတော့လဲငါ့ကိုချစ်သေးတာပါဘဲလို့တွေးခဲ့ပေမဲ့လက်ထပ်ပြီးတစ်လအကြာမှာငါ့အတွေးတွေမှားကြောင်းကိုသူနင့်အပေါ်မသိအောင်ဂရုစိုက်တာတွေကနေငါသိလာခဲ့တယ်....အရာအားလုံးကိုငါ့စီကနေလုယူသွားတဲ့နင့်ကိုသိပ်မုန်းတာဘဲ...သူ့အချစ်တွေငါမရမှတော့ငါနောက်ဆုံးလုယူဖို့အတွေးဝင်ခဲ့တယ်.......နင့်ကိုသတ်ပြစ်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ဘူး....နောက်ဆုံးတော့ငါ့ဘက်တော်သားလို့တွေးခဲ့တဲ့သူ့အမေတောင်ငါ့ကိုကလေးမွေးမပေးနိုင်လို့အိမ်ပေါ်ကနေနှင်ထုတ်ခဲ့တယ်..ဟက်...သူကလဲ..ငါ့ကိုကွာရှင်းခဲ့တယ်....ငါ့ဘဝ..ငါ့အရာရာ...တောက်..ငါ့ဘက်ကိုကြဘယ်သူမှထည့်မတွေးပေးကြဘူး...ဒီတော့...ဒီနေ့တော့ငါမုန်းတဲ့နင်တို့ကိုသတ်ပြစ်မယ်...အရက်စက်ဆုံးနည်းနဲ့မေ့မရအောင်သတ်မှာ...ဟက်..ငါအမုန်းဆုံးလူသုံးယောက်ကိုပေါ့.....ပထမက......'

သူမလက်ဖြောက်တီးကာအချက်ပေးလိုက်တော့အမှောင်ထဲကနေလူရိပ်တွေပေါ်လာခဲ့သည်...

တဖြည်းဖြည်းမသဲမကွဲကနေအမြင်တွေသဲသဲကွဲကွဲဖြစ်လာခဲ့သည်......

သူတို့လည်ပင်းမှာကျွန်တော့်လိုဘဲသံကြိုးဆွဲပြီးလူနှစ်ယောက်လောက်တရွတ်တိုက်ကြမ်းပေါ်ဆွဲလာတဲ့သူက...တခြားသူမဟုတ်ဘူး....အဲ့..အဲ့တာ.......

'မာ....မာမီ.........'

'..........'

သွေးအလူးလူးနဲ့မောင့်အမေဟာကျွန‌ေ်တာ့်ခေါ်သံကြားတော့တချက်သာမော့ကြည့်ပြီးစကားတောင်မပြောနိုင်ရှာဘူး...

Love  or hateDonde viven las historias. Descúbrelo ahora