အပိုင်း ၁၉ - လှုပ်ရှားမှုတစ်ခု ပြုလုပ်ခြင်း

Start from the beginning
                                    

 အစားကြီးသရဲရဲ့ လျှာသည်အစောက ချန်ရှု့ရဲ့ ထမင်းစားတူများနှင့် တိုက်ရိုက်ထိတွေ့ခဲ့တာကို ယဲ့ဆွေက ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ အခု အဲ့ဒီဟာမှာ အမှားတစ်ခုခုတော့ရှိရမယ် ။

 သူမက ချန်ရှု့ကို ဒီတူတွေကို ဆက်သုံးခွင့်ပြုမှာ မဟုတ်ပေ။

 "အဲဲဒီတူက...... " ယဲ့ဆွေက ပိုကောင်းတဲ့ အကြောင်းပြချက်ကို စဉ်းစားရင်း ခွဲခြားလို့မရတဲ့ပုံနဲ့ " အဲ့ဒါက နည်းနည်းငယ် ညစ်ပတ်နေသလိုဘဲ... "လို့ ပြောခဲ့သည်။

 ချန်ရှု့က သူ့မျက်ခုံကိုပင့်လိုက်ပြီး "ညစ်ပတ်နေတယ်လား? "လို့ပြန်မေးခဲ့သည်။

 သူက သူတို့အပေါ်တွင် မည်သည့်ဖုန်မှမမြင်ပေ။

 ယဲ့ဆွေက သူ ပြောတာကိုကြားတဲ့အခါ ရှက်ရွံ့စွာဖြင့်“ ဟုတ်တယ်၊ ညစ်ပတ်နေတယ်။ ရှင်အဲ့လို မထင်ဘူးလား?  အသစ်တသ်စုံနဲ့ လဲရမယ့်အချိန်ဘဲ "

 "... "

 ချန်ရှု့က အလွန်အံ့အားသင့်သွားပြီး ယဲ့ဆွေက အကောင်းမြင်လွန်းသည်ဟု တစ်နည်းနည်းဖြင့် ထင်မြင်ခဲ့သည်။

 ယဲ့ဆွေ ရဲ့မျက်လုံးက မှိတ်မသွားခဲ့ဘဲ သူမက "ဖုန်မှုန့်တွေရှိတယ်။ ဘယ်လောက်သိသာလဲဆိုတာကြည့်။ ဖုန်မှုန့်တွေရှိတယ်။ ကြည့်လေ စပါးစေ့လောက်ဖြစ်နေ......"

 ဆိုလိုတာက ယဲ့ဆွေက ချန်ရှု့ ကိုသူပြောတဲ့အတိုင်းသူက သူ့တူတွေဟာ အရမ်းကြမ်းကြမ်းတမ်းတမ်းဖြစ်ပြီးကြမ်းပြင်ပေါ်လဲကျကာ အကြိမ်ပေါင်းများစွာ ပြုတ်ကျ  ခဲ့ဖူးတယ်လို့ ပြောချင်တာဖြစ်သည်။

 ချန်ရှု့က သန့်ရှင်းနေတဲ့ ထမင်းစားတူ ကြည့်လိုက်သည်။

 ချန်ရှု့က မယုံတာကြောင့် သူမက“ ကျွန်မက အမြင်အာရုံကောင်းတယ်၊ လိမ်တာမဟုတ်ဘူး”လို့ပြောခဲ့သည်။

 ယဲ့ဆွေရဲ့ နောက်ဆုံးစကားလုံးသည် အထူးသဖြင့် အလွန်အရေးကြီးသည်။ ရှင်းရှင်းလင်းလင်းကို ရည်ညွှန်းသည်။ သူမက ချန်ရှု့ကို တမင်မကြည့်ဘဲငေးကြည့်နေမိသည်။ ကောင်းပြီ၊ ကိုယ့်ဘာသာ ဇာတ်လမ်းတစ်ပုဒ်ရေးခဲ့ပေမယ့် ရှင့်ကိုကျွန်မ လိမ်ခဲ့တာမဟုတ်ဘူး။

လျှို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now