အပိုင်း ၂ - လှပတဲ့ယဲ့ဆွေ

336 19 0
                                    

Unicode

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

အပိုင်း ၂ - လှပတဲ့ယဲ့ဆွေ

ချန်ရှု့က သူမကိုစက္ကန့်အနည်းငယ်မျှ ငြိမ်သက်စွာ ကြည့်ခဲ့သည်။  သူ့မျက်လုံးက ဖျော့တော့တော့ နဲ့တင်းမာနေပြီး“ မင်းဘာပဲပြောပြော” ဆိုတဲ့ စကားအနည်းငယ်ပဲပြောလိုက်ကာ သူ့ရဲ့မျက်လုံးတွေကတော့ လျစ်လျူရှုထားခဲ့သည်။ ယဲ့ဆွေ ပြောခဲ့သမျှ စကားလုံးများကို စက္ကူဖြူတစ်ရွက်ပေါ်တွင် စိတ်ခံစားချက် တစ်ခုမှမပါဘဲ ထည့်ထားပုံရသည်။

စကားပြောပြီးနောက်မှာ ချန်ရှု့က ဆိုဖာဆီက်ို ပြန်လှည့်လာပြီး သူ့ဆဲလ်ဖုန်းကိုကြည့်လိုက်သည်။

ချန်ရှု့ရဲ့ တုန့်ပြန်ချက်ကို ကြားတဲ့အခါမှ ယဲ့ဆွေက သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွားခဲ့သည်။

သူမကအပြင်ဘက်မှာရှိတဲ့ သရဲများနှင့်ပတ်သက်တဲ့ သူမ၏အကြပ်အတည်းကို ကွာရှင်းပြတ်ဆဲမှုကို အစီအစဉ်ကို ခေတ္တဆိုင်းငံ့ထားလိုက်သည်။ ယဲ့ဆွေက ချန်ရှု့ကို အကြွေးတင်နေသလိုမျိုး စင်ကြယ်စွာနဲ့ ပြန်ကြည့်လိုက်မိသည်။

ချန်ရှု့က ရိုးရိုးတီရှပ်ကို ဝတ်ဆင်ထားပေမယ့် သူသည်အခြားသူများထက် သာသည်ဟုထင်ရသည်။ အဲ့ဒါက ပြီးပြည့်စုံတဲ့ ပုံစံဘဲ။

အဲ့ဒါက ကောလဟာလတွေထဲက ခက်ခဲပြီး ကံဆိုးတဲ့ အထီးကျန်ဆန်သော ချန်မိသားစုမှ တတိယမြောက် သခင်လေးဖြစ်ကြောင်း လုံးဝမယုံနိုင်စရာ ဖြစ်ခဲ့သည်။ ချန်ရှု့သည်ငယ်ငယ်တုန်းက ချန်မိသားစုရဲ့ အိမ်တွင်ကြီးပြင်းခဲ့ခြင်း မရှိတာကြောင့် ပြင်ပကမ္ဘာတွင် သခင်ကြီးချန်မှာ သားငယ် ရှိကြောင်းမသိခဲ့ကြပေ။  သူသည် အလွန်အေးစက်သောကြောင့် အခြားသူများနှင့်မဆက်သွယ်လိုပေ။

ချန်ရှု့က ဘာမှမရခဲ့ဘူး။ ချန် မိသားစုလုပ်ငန်းက ကြီးမားပြီး သူ၏လက်ထဲသို့ မရောက်ရှိခဲ့ပေ။ သို့သော် သူသည်မိသားစုရန်ပုံငွေဖြင့် နေထိုင်ခဲ့သည်။  အခြားသူများကမူ ချန်ရှု့ကို လူကောင်းလို့ ပြောကြပေမယ့် သူ့မှာ ဘာမှမရှိပေ။

လျှို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now