အပိုင်း ၁၂ - ခိုးယူခြင်း

145 14 0
                                    

Unicode

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး

အပိုင်း ၁၂ - ခိုးယူခြင်း

ယဲ့ဆွေက ချန်ရှု့ရဲ့ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကြမ်းပြင်ပေါ်မှာရှိတဲ့ အစအနများကို ကောက်နေတဲ့ သူ့ကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ သူ့ကိုကြည့်နေတုန်း အစောနက သူမပြောလိုက်တဲ့ဟာကို ကြားပြီးတော့ သူစိတ်အနှောင့်အယှက် ဖြစ်တဲ့ အမူအရာ ဖြစ်နေတယ်ဆိုတာကို သူမ ပြောနိုင်သည်။ ယဲ့ဆွေက မကူညီနိုင်ပေမယ့် နည်းနည်းလေး အပြစ်ရှိတယ်လို့ ခံစားနေရသည်။ထပ်ပြောရရင် ချန်ရှု့က သူမလုပ်လိုက်တဲ့ ပြဿနာကို  ရှင်းလင်းနေရသည်။

ကလစ်—

ကြမ်းပြင်ပေါ်က အစအနတွေက သိမ်မွေ့သောဆူညံသံကိုဖြစ်စေသည်။ ချန်ရှု့ ဒဏ်ရာရသွားတဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး အနှောင့်အယှက် မပေးချင်သောကြောင့် အခြားလက်တစ်ဖက် ပြောင်းလိုက်တာကို ယဲ့ဆွေ အကူအညီမဲ့စွာ ကြည့်လိုက်သည်။

သူ့စိတ်ထဲမှာ သူ့ရဲ့ကိုယ်ပိုင်စီးပွားရေးနဲ့ အပိုင်းအစတွေကို ကောက်ပြီး သိမ်းဖို့ဘဲ ရှိနေခဲ့တာကြောင့် ချန်ရှု့က သူ့ရဲ့ခေါင်းကို မမော့ခဲ့ပေ။ တကယ်လို့ သူလုံးဝဒဏ်ရာမရခဲ့ရင် သူ့ရဲ့အမူအရာကို နည်းနည်းလေးတောင် ပြောင်းလဲပစ်မှာ မဟုတ်ဘူး။

“ရှင်အနာတရ ဖြစ်သွားပြီ”ယဲ့ဆွေက ချန်ရှု့ရဲ့ဒဏ်ရာရသွားတဲ့ လက်ကိုညွှန်ပြလိုက်သည်။

“အင်း ” သူကညင်သာစွာ ပြန်ပြောခဲ့သည်။

ဒါပဲလား? သူ့ရဲ့လက်ကနေ သွေးတွေထွက်လာတာကို ယဲ့ဆွေ ကြည့်လိုက်သည်။ ချန်ရှု့က တကယ်ကြီး  “ အင်း ”တစ်လုံးပဲပြောလိုက်တာလား? အဲဒါကအကုန်ပဲလား? ယဲ့ဆွေက အလျှော့မပေးဘဲ ချန်ရှု့ကို နောက်တစ်ကြိမ်ထပ်ပြီး “ရှင်ရဲ့ လက်ကသွေးတွေထွက်နေပြီ”လို့ သတိပေးလိုက်သည်။

ချန်ရှု့က ဒီတစ်ကြိမ်လည်း သူ့ရဲ့ခေါင်းကို မမော့လာဘဲ “အသေးစားဒဏ်ရာလေးပါ”လို့ ဖြေလိုက်သည်။

ယဲ့ဆွေရဲ့အမျက်ဒေါသက ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။ သူမက ရဲရင့်စွာနဲ့ ချန်ရှု့ရဲ့လက်ကိုဆွဲပြီး ထူပေးလိုက်သည်။ “ကျွန်မနဲ့လိုက်ခဲ့ အနာကိုဆေးထည့်ပြီး ပတ်တီးစည်းဖို့ကူညီပေးမယ်” 

လျှို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now