အပိုင်း ၃ - ယောက်ျား ကျွန်မကြောက်တယ်!

266 21 0
                                    

Unicode

လျို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး 

အပိုင်း ၃ - ယောက်ျား ကျွန်မကြောက်တယ်!

ဖိန်နင်က နိုင်ငံ့အကျော်ကြားဆုံး ထိပ်တန်းစရင်းဝင် ဖြစ်ပြီး ဟွာရွေ့ကုမ္ပဏီရဲ့ အကျော်ကြားဆုံး အနုပညာရှင်လည်းဖြစ်သည်။  သူမကရုံးခန်းတစ်ခုမှာ ထိုင်နေပြီး အလုပ်အမှုဆောင် သူဌေးက သူမရှေ့တွင်ရှိနေခဲ့သည်။

အမှုဆောင်သူဌေးက“ မင်းရဲ့စာချုပ်သက်တမ်းက ကုန်တော့မယ်။  မင်းက ဟွာရွေ့နဲ့ဆက်ပြီး လက်မှတ်ထိုးမှာလား? ဒါမှမဟုတ် တခြားအစီအစဉ်တွေရှိလား?"

ဖိန်နင်ရဲ့ မြင့်မားနေတဲ့ ဂုဏ်သတင်းကြောင့် ကုမ္ပဏီများစွာက မကြာသေးခင်က သူ့ကိုဆက်သွယ်ခဲ့သည်။ အားလုံးက ဖိန်နင်ကိုသူတို့ရဲ့ အနုပညာရှင်အဖြစ် လက်မှတ်ထိုးရန် စိတ်ဝင်စားကြသည်။

ဟွာရွေ့က အကြီးဆုံး ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီ ဖြစ်သည်။  ဘီလီယံပေါင်းများစွာရဲ့ စျေးကွက်တန်ဖိုးနှင့်အတူ ဟွာရွေ့ရဲ့နဖူးစည်း စာတန်းအောက်မှာ မရေတွက်နိုင်အောင် လူသိများတဲ့ အနုပညာရှင်တွေရှိသည်။  လူအတော်များများဟာ ဟွာရွေ့ကိုဝင်ချင်ပေမယ့် ကံမကောင်းကြပေ။

အလုပ်အမှုဆောင်သူဌေးရဲ့ ထင်မြင်ချက်အရ သူမ ဟွာရွေ့တွင် ဆက်လက် နေထိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။

ဖိန်နင်က လက်ကိုမြှောက်လိုက်ပြီး သူမရဲ့မကြာခင်ကမှ ဆေးဆိုးခဲ့ပြီး တလက်လက်တောက်ပနေတဲ့ လက်သည်းကို ကြည့်လိုက်သည်။

“ ကျွန်မ ဥက္ကဌချန်နဲ့ တွေ့ချင်တယ် " လို့သူမက တောင်းဆိုခဲ့သည်။

ဟွာရွေ့က အကြီးဆုံး ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ပထမတန်းစား အမွေတွေနဲ့ ကျော်ကြားတဲ့ လက်ရွေးစင်တွေ ရှိသည်။ ဒါပေမယ့် အများဆုံး ပြောကြတာက အဲ့ဒါကို မဟုတ်ပေ။ ဟွာရွေ့ရဲ့ဥက္ကဌ ဖြစ်သည်။ ဟွာရွေ့ ရဲ့ဥက္ကဌက လူအများအလယ်တွင် တွေ့ရဖို့က ဝေးကွာလွန်းလှသည်။ သူက အကြီးမားဆုံး ဖျော်ဖြေရေးလုပ်ငန်း ကုမ္ပဏီပိုင်ဆိုင်သည်မှာသေချာသည်။ သို့သော် သူသည် နောက်ကွယ်မှာ ပုန်းကွယ်နေပြီး အရေးကြီးသော အခါသမယများတွင်သာ သူ့အားပြောဆိုရန် အခြားသူများအား အခွင့်ပေးခဲ့သည်။

လျှို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now