အပိုင်း ၁၂ - ခိုးယူခြင်း

Start from the beginning
                                    

ချန်ရှု့ ခဏတာ အသက်ရှူမှားသွားခဲ့ပြီး မတ်တတ်ထရပ်ခဲ့သည်။ ဒီလိုမှမဟုတ်ရင် ယဲ့ဆွေက သူ့ကိုအတင်းအကျပ် ခိုင်းစေတာက ကိစ္စမရှိပေမယ့် ချန်ရှု့ကိုဆွဲမဖို့ဆိုတာကတော့  မဖြစ်နိုင်ဘူး။

ယဲ့ဆွေက ချန်ရှု့ကို ဆိုဖာဆီသို ဦတည်ပြီး ဆွဲသွားခဲ့သည်။ သူမက ခြေဖျားထောက်ပြီး ချန်ရှု့ရဲ့ပခုံးကို သူမရဲ့လက်နဲ့ တွန်းလိုက်သည်။  “ထိုင်ချလိုက် ပြီးတော့ မရွှေ့လာနဲ့ ”

ချန်ရှု့က နာခံမှုရှိစွာ ထိုင်ချလိုက်ပြီး ငြင်းဆိုခြင်း မရှိခဲ့ပေ။ ဧည့်ခန်းထဲမှာရှိတဲ့ အဲဆွဲထဲကနေ သေတ္တာသေးသေးလေးကို ဆွဲထုတ်လိုက်တဲ့ ယဲ့ဆွေကို သူကြည့်လိုက်သည်။ အဲ့တာက အဲ့နေရာမှာ ဘယ်လို ရှိနေတာလဲဆိုတာတော့ သတိမထားမိခဲ့ဘူး။ ဖြစ်နိုင်တာကတော့ တစ်ချိန်တုန်းက ယဲ့ဆွေ အဲ့မှာထားထားတာပဲဖြစ်ရမည်။

ယဲ့ဆွေက ပိုးသတ်ဆေးနဲ့ ပိတ်ကျဲစကို သေတ္တာထဲကနေထုတ်ပြီး ချန်ရှု့ရဲ့ လက်ကိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူမခေါင်းကိုငုံ့ပြီး သူ့ရဲ့အနာကိုစတင်ပြီး သန့်ရှင်းစင်ကြယ်အောင်လုပ်ပေးခဲ့သည်။ 

ဒဏ်ရာက သေးပေမယ့် နက်သည်။ ယဲ့ဆွေက ဒဏ်ရာကို ပိုးသတ်ဆေးလောင်းချလိုက်တဲ့အခါ ချန်ရှု့က သူ့ရဲ့နဖူးတောင် မကြုတ်ထားဘူး။

ယဲ့ဆွေက ချက်ချင်းပဲ သူ့ရဲ့လက်ကို ပိတ်စကျဖြင့် ပတ်ပေးလိုက်သည်။ သူမမော့ကြည့်လိုက်တော့ ချန်ရှု့ရဲ့ ဉာဏ်ပညာလိုင်းက စိတ်ခံစားမှုဆိုင်ရာလိုင်းနဲ့ ချိတ်ဆက်ပြီး သူ့ရဲ့လက်က လက္ခဏာကိုတောင်  သူမသတိမပြုမိခဲ့ပေ။

ကျိုးနေတဲ့ လက္ခဏာ ရှိနေတဲ့ လူတစ်ယောက်က သူ့ရဲ့အသက်မွေးဝမ်းကျောင်းတွင် တည်ငြိမ်ပြီးအောင်မြင်လိမ့်မည်ဟု ဆိုခဲ့သည်။ ဒါပေမယ့် ယဲ့ဆွေ ချန်ရှု့ရဲ့မျက်နှာကို ရိပ်ခနဲ ဖမ်းမိလိုက်တဲ့ အချိန်မှာ အဲ့လိုမျိုးမမြင်ရဘူး။

ယဲ့ဆွေ ပိတ်စကျဲနဲ့ ပတ်တာပြီးသွားတဲ့နောက်မှာ  သူမအခန်းသို့ ပြန်မသွားခင် ချန်ရှု့ကို အထူးဂရုစိုက်ဖို့နဲ့ ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ဖို့ကို ညွှန်ကြားခဲ့သည်။

လျှို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now