အပိုင်း ၉ - ထင်ရှားကျော်ကြားမှုကိုရယူပါ

Start from the beginning
                                    

ယဲ့ဆွေက ချန်ရှု့ရဲ့အရေးယူ ဆောင်ရွက်မှုကို မြင်လိုက်သည်။  မျှော်လင့်ထားသည့်အတိုင်း ချန်ရှု့က ငါးစာကိုလာဟတ်ခဲ့သည်။  သူမသည်ကြည်နူးပြီး ချန်ရှု့ ကိုငေးကြည့်ရင်းသူ၏ တုံ့ပြန်မှုကို မျှော်လင့်ခဲ့သည်။  "အရသာဘယ်လိုလဲ?"

ချန်ရှု့ကကိုက်လိုက်ပြီး အမွှေးနံ့သာက သူ့ပါးစပ်ထဲသို့ ပြည့်လျှံသွားသည်။  သူသည်များသောအားဖြင့်ကောင်းမွန်သောအစားအစာများစားလေ့ရှိပြီးအဆင့်မြင့်ဟိုတယ်များရှိ ဟင်းလျာများ အားလုံးကို စားခဲ့သည်။

ဤလက်ဖက် အနံ့အရသာရှိသောကြက်သားသည် မတူထူးခြားသောအရသာမရှိခဲ့ပါ။

ချန်ရှု့က ယဲ့ဆွေရဲ့ လက်ကိုကြည့်လိုက်သည်။ လက်ချောင်းကြားတွင် အမာရွတ်ရှိနေပြီး သူမချက်ပြုတ်နေစဉ် ဒဏ်ရာရထားတာဖြစ်နိုင်သည်။ ယဲ့ဆွေရဲ့ အသားအရေက တောက်ပနေသောကြောင့် ထင်ရှားသည်။

ချန်ရှု့က သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။ သူ၏လက်ချောင်းများက ထမင်းစားတူကို ပွတ်နေခဲ့ပြီး ဖြည်းဖြည်းချင်းချလိုက်သည်။

ချန်ရှု့က "ဒါက အရသာရှိပါတယ် " လို့ အေးဆေးတည်ငြိမ်စွာ ပြောခဲ့သည်။

ယဲ့ဆွေရဲ့ အတွေထဲမှာ ချန်ရှု့က ရိုးသားသူတစ်ဦးလို့ ထင်ခဲ့တာကြောင့် ယဲ့ဆွေက စိတ်ချမ်းသာနေခဲ့သည်။  သူမက ချန်ရှု့ရဲ့ လက်ထဲတွင် လက်ဖက် အရသာရှိတဲ့ ကြက်သား ပန်းကန်လုံးကိုထားပြီးလျှင်“ ဒါဆို တစ်ခုကို ထပ်စားလေ ”

ယဲ့ဆွေက ချန်ရှု့ရှေ့တွင် မျက်နှာအမူအရာ တစ်ခုကို ရှင်းလင်းစွာဖော်ပြခဲ့သည်။ ' ဖြေးဖြေးချင်းစားပါ၊ ကျွန်မရှင့်ဆီက လုယူမှာမဟုတ်ဘူး။ ´

ချန်ရှု့က သူ့ဘာသာ တွင်းတူးထားမိတယ်လို့ ခံစားနေရသည် "....."

ယဲ့ဆွေ ရဲ့ စိတ်ဝင်စားမှုက တစ်ချိန်တည်းမှာပင် သူမအနေဖြင့်သိမ်းဆည်းထား၍ မရပါ။ သူမက ချန်ရှု့ကိုတိတ်တဆိတ်ကြည့်လိုက်ပြီး အဓိပ္ပာယ်ပြည့်ဝသော အကြည့် နှင့်အတူစိတ်လှုပ်ရှားနေခဲ့သည်။

ယဲ့ဆွေရဲ့ တောက်ပနေတဲ့ မျက်လုံးအောက်မှာ ချန်ရှု့က အတော်လေးအရှုံးပေါ်ခဲ့သည်။  သူက စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်နေပြီး "အိုကေ " ဆိုတာကို ခက်ခက်ခဲခဲပြောခဲ့သည်။

လျှို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now