အပိုင်း ၃ - ယောက်ျား ကျွန်မကြောက်တယ်!

Start from the beginning
                                    

သူကဘယ်သူဘယ်ဝါလဲ ဆိုတာ မသိရှိကြပေ။ သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်မှာ အလွန်နည်းသည်။  ပြင်ပကမ္ဘာက သူ့မျိုးရိုးနာမည်ကို  ချန်လို့သိကြပြီး သူက အလွန်ငယ်သေးသည်။

အဲ့ဒိလိုလူက  အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ဆွဲဆောင်မှုရှိသူဖြစ်သည်။  လူတွေက သူ့အကြောင်း ဘယ်လိုလုပ် မသိချင်ဘဲနေမှာလဲ?

"ဥက္ကဌ ချန်က ဘယ်တော့မှ လုပ်လိမ့်မှာမဟုတ်ဘူး ....."   လို့ အမှုဆောင်သူဌေးက ပြန်ပြောခဲ့သည်။ ပြီးတော့ လူအများစုက ဥက္ကဌချန်ကို မမြင်ဖူးကြပေ။

ဖိန်နင်က ယုံကြည်မှုရှိစွာနဲ့ “ ဥက္ကဌ ချန်က ကျွန်မကို တွေ့လိမ့်မယ် "လို့ပြောခဲ့သည်။

သူမက ဟွာရွေ့ ရဲ့လူကြိုက်အများဆုံး အနုပညာရှင်ဖြစ်ခဲ့သည်။  သူမရဲ့အလှအပနဲ့ ရဲစွမ်းသတ္တိကြောင့် ဥက္ကဌချန်က သူမကိုအမြဲတမ်း မြင်နေသရွေ့ စိတ်ဝင်စားလိမ့်မည်။ အဲ့ဒိနောက်မှာ သူမက ဥက္ကဌရဲ့ဇနီး အဖြစ်တိုက်ရိုက်ရာထူးတိုးလိမ့်မည်။ ပြီးတော့ သူမကဖျော်ဖြေရေးလုပ်ငန်းမှာ ကြိုးစားလုပ်ကိုင်ဖို့ လိုအပ်လိမ့်မည်မဟုတ်ချေ။

အလုပ်အမှုဆောင်သူဌေးက မစ္စတာချန်ရဲ့အတွင်းရေးမှူးကို ဆက်သွယ်မေးမြန်းရာ သူ၏အတွင်းရေးမှူးက ပြောကြားရာတွင် သူသည်၎င်းအား ဥက္ကဌချန်အား ပြောမည်ဖြစ်သော်လည်း ဥက္ကဌ ချန်က ဖိန်နင်နဲ့ တွေ့ရမှာက မသေချာကြောင်းပြောကြားခဲ့သည်။

ဖိန်နင်က အတွင်းရေးမှူးရဲ့ ပြန်ကြားချက်ကိုစောင့်ဆိုင်း အပြင်ဘက်မှာ စောင့်ဆိုင်းခဲ့သည်။  အတွင်းရေးမှူးက ပြန်ရောက်လာချိန်မှာ သူမက သူမရဲ့ဆံပင်တွေကို လှုပ်ခါလိုက်ပြီး“ ဥက္ကဌချန်က ကျွန်မကို တွေ့ချင်တယ်မဟုတ်လား?” ဖိန်နင်က သူ သူမကို တွေ့မယ် ဆိုတာသိသည် ဒါကြောင့် လွန်ကဲ့စွာနဲ့ဘဲ “ သွားကြစို့” လို့သူမပြောလိုက်သည်။

  အတွင်းရေးမှူးက ဖိန်နင်ကိုကြည့်ပြီး“ ဥက္ကဌ ချန်က သူ မင်းကို ဘယ်တော့မှ တွေ့မှာမဟုတ်ဘူး” လို့ပြောလိုက်သည်။

ဤသို့ပြောဆိုပြီးနောက် အတွင်းရေးမှူးကထွက်သွားပြီး အေခဲနေတဲ့ ဖိန်နင်ကို ထားခဲ့သည်။

လျှို့ဝှက်သောသူကြွယ်၏ ချစ်ဇနီးလေး (ဘာသာပြန်)Where stories live. Discover now