Part 38

11K 571 19
                                    

Uni

" မမရာ .. သားကိုဘာလို့ စောစောစီးစီးမပြောတာလဲ "

နှိုင်း ရုံးခန်းထဲလာပြီး ပေါက်ကွဲနေသည့်ကလေးမလေးကိုကြည့်လိုက်၏။ ရောက်လာတည်းက မေးလိုက်သည့်မေးခွန်းများ ဘယ်ကစဖြေရမှန်းတောင်မသိပါ။

" ကြည့်ပြန်ပြီ သားမေးတာဖြေလေဗျာ "

မထုံတတ်သေးပုံစံနဲ့ နန်းထိုက်ကိုသာလိုက်ကြည့်နေ၏။ သူ့ရဲ့ကိုစိတ်ကိုမရှည်ရှည်အောင်ဆွဲဆန့်ရင်း ခုံမှာ၀င်ထိုင်ကာ ရှေ့ကထ်ိုင်နေသည့်လူကို လက်ပိုက်ကာ မေးငေါ့ပြလိုက်၏။

" ဘ၀တက်လမ်းအတွက်ပါ .. မင်းကိုကသွားခါနီးမှပြောမလို့ "

" သားက မမလေယာဉ်တက်မှ လိုက်အော်ရမှာလား .. အဓိပ္ပါယ်မရှိတာ "

စိတ်ရှိလက်ရှိသာကိုင်စောင့်ချင်လိုက်၏။

" ဘ၀ကိုအကောင်းမွန်ဆုံးဖြတ်သန်းပါ ကလေးမ "

အေးအေးလူလူဆိုလာသော မမ .. နန်းထိုက်ရင်ထဲပူလောင်နေသလောက် မမကတော့အေးချမ်းနေဟန်ရှိတယ်။

" ဟင်း! မမ သားကိုမချစ်ဘူးလားဟင် ဒီရက်ပိုင်းအတွင်း ပြုမှုခဲ့တာတွေကရော "

သက်ပြင်းချပြီး မျှော်လင့်တကြီးမေးမိ၏။ သို့သော် နန်းထိုက်လိုချင်သည့်အဖြေတော့ပြန်မလာ။

" ဒီမေးခွန်းအတွက်တို့မှာအဖြေမရှိဘူးကလေးမ "

ဘာကြောင့်လဲ။ သူမကိုပဲရွေးချယ်ပေးလို့မရဘူးလား။ အားလုံးသိနေရက်နဲ့မသိသလို ဟန်ဆောင်နေရတာ ပင်ပန်းလွန်းတယ်။

" ကောင်းပါပြီ! ပျော်ရွှင်အောင်နေပါ "

ရုံးခန်းထဲကနေထွက်လာပြီး ဆိုင်ကိုလဲပြန်မသွားချင်။ ထို့ကြောင့် ရင်ထဲကမွန်းကြပ်မှုတွေကို ခဏတာ ဖြေဖျောက်ပေးနိုင်သော နေရာသို့သာထွက်ခဲ့လိုက်၏။

**********
ပြဿနာတွေဖြေရှင်းပြီးတစ်ပတ်လောက်ကြာ‌သည့်အထိ သူတို့ဘ၀ကသာသာယာယာပင်။ မည်သည့်အနှောင့်အယှက်မှမရှိသလို မီးငယ်ကလဲ ပုံမှန်လိုပြန်ဖြစ်နေပြီ။

ယခုဆို မတော်ရသေးသည့်ယောက္ခမအိမ်မှာတက်နေတာလဲ တစ်ပတ်ရှိပြီ။ မီးငယ် စိတ်အခြေအနေပုံမှန်ပြန်ဖြစ်ဖို့အတွက် သူတို့ကပါ ဝိုင်း၀န်းစောက့်ရှောက်ပေးရ၏။ ထို့ကြောင့် ဆေးရုံဆင်းပြီးကတည်းကတက်နေနေရခြင်း။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now