Part 16

12.8K 691 0
                                    

Uni

Light Group ဆက်ခံသူနှင့် Ruby Group မှသမီးဖြစ်သူ၏ Dating News မှာ Social Media တစ်လွှားတွင်တောမီးပမာပျံနှံ့နေသည်။

ငယ်ရီးစားဟုဆိုကာ တစ်မျိုး ၊ မိဘချင်းသဘောတူကာ စေ့စပ်ထားသည်ဟုဆိုကာ တစ်ဖုံ သို့လော၊သို့လော့နှင့် ထင်မြင်ချက်အမျိုးမျိုးပေးနေကြသည်။ Group နှစ်ခုမှလည်း မည်သည့်ဖြေရှင်းချက်မှထွက်မလာသည်ကြောင့်ထင်မြင်မှုများမှာ ဟုတ်မှန်နိုးနိုးဖြစ်နေတော့သည်။

ကာယကံရှင်အမျိုးသားသည်ကား ဆက်သွယ်ရေးကရိယာအားလုံးကိုပိတ်၍ Media အသီးသီးမှ သတင်းထောက်များကိုလည်း PA နှင့်လွှဲကာ ရုံခန်းအတွင်းထိုင်နေသည်။

သျှင်းထက် မနက်ကတည်းက PA ကို ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီး  ရုံးခန်းအတွင်းမှာပဲနေကာ မည်သူ့ကိုမှလည်းအဝင်မခံပဲ တစ်ယောက်ထဲလက်စသပ်စရာရှိသည့်အလုပ်များကိုအပြီးသတ်နေသည်။ ယခင် အိမ်ယာ Project ကိုလည်း အဆင်ပြေပြေပြီးစီးနိုင်စေရန်အတွက် ကိုယ်တိုင်အစစအရာရာ အသေးစိပ်စစ်ဆေးနေရသည်။

ကျော်မင်းအမှူသည်လည်းမနက်ဖြန်တရားစီရင်တော့မည်ဖြစ်သလို Company's CEO အသစ်ရွေးချယ်ပွဲကလည်း စတင်တော့မည်ဖြစ်သည်ကြောင့် အရင်ကထက် ပိုမိုအလုပ်များနေသည်။ ကျော်မင်းက သူတစ်ယောက်တည်းလုပ်ခဲ့ပါသည်ဟုထွက်ဆိုထားသော်လည်း ငွေစာရင်းမှ၀န်ထမ်းတစ်ဦးထွက်စာတင်၍ပျောက်ချင်းမလှပျောက်သွားတော့၏။ သူမက ကျော်မင်းကိုငွေထုတ်ပေးလိုက်သူဖြစ်၍ စုံစမ်းရသလောက်ဆိုရင်ကျော်မင်းနှင့်ငြိနေတာဖြစ်သည်။ ထို့အပြင် ကျော်မင်း၏ထွက်ဆိုချက်ပြီးမှ Company က ရှယ်ယာရှင်တော်တော်များများအသက်ရှုချောင်ကာအသက်၀င်လာသကဲ့သို့ရှိ၍ သျှင်းထက်အပေါ်ပြောဆိုမိသည်များကိုတောင်းပန်ကြသည်။ မြေခွေးလိုလူတွေ ...။

CEO ရွေးချယ်ပွဲကိုလည်း အားလုံး၏ သဘောဆန္ဒအရ မဲပေးစနစ်ပြုလုပ်ပေးမည်ဖြစ်ပေမဲ့ ရှယ်ယာရှင်များသာမက၀န်ထမ်းများပါရွေးချယ်ခွင့်ရှိသည်။ သူ၏ဘိုးဘွားပိုင်လုပ်ငန်းစုကို မည့်သူ့ကိုမှမဦးဆောင်စေချင်သလို၊ ဘယ်သူ့ကိုမှ မလွှဲအပ်နိုင်ပါ။ သူ့၏ပိုင်ဆိုင်မှုရာခိုင်နှုန်းနဲ့ ချက်ချင်းနေရာယူလို့ရပေမဲ့ မျှော်လင့်ချက်ပေးပြီးရိုက်ချရတာ ပိုပျော်စရာကောင်းမည့်ပုံ။ ၀န်ထမ်းများဆိုလည်မှာလည်း မည်သူကောင်းသည်မည်သူဆိုးသည်ကွဲကွဲပြားပြားသိကြသဖြင့်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now