Part 6

21.1K 1.1K 30
                                    

Uni

" မင်း! မင်း ဟိုတစ်နေ့ကလောရှည်ကောင်ပဲ "

မင်းခိုက်ကိုမှတ်မိသည့်အပုလေးကြောင့် ကိုယ့်ကိုကိုယ် ဂုဏ်ယူသလိုတောင်ဖြစ်သွားရသဖြင့် ..

" လောရှည်ကောင်မဟုတ်ပါဘူး ... မင်းခိုက်စိုးစံပါ "

ဟု နှစ်လိုဖွယ်ကောင်းအောင်ပြုံးပြရင်းပြန်ဖြေလိုက်သည်။

" မင်းပါ့မင်း မင်းခိုက်ပဲစိုးစံ စိုးစံ ဘုရင်ပဲစိုးစံ စိုးစံ ငါ့ကိုအပုလေးလို့လာမခေါ်နဲ့ "

ဒေါသထွက်ဟန်ဖြင့် မကျေမချမ်းကြည့်ကာ ပြန်အော်လာသည့်စကားဖြစ်ပေမဲ့ မင်းခိုက်၏မျက်လုံးများလက်ခနဲဖြစ်သွား၍ ..

"အဲ့တာဆို နာမည်ပြောပြလေ "

" လီးတောင်မပြောပြဘူး မျက်နှာရူး "

တစ်ဖွဲ့လုံးတွင်ဥပဓိရုပ်အတည်တံ့ဆုံးဖြစ်သည့် လူကိုဆဲပြီးထွက်သွားသည်ကြောင့် မင်းခိုက်မှာကြောင်နေမိသည်။ သူ့ရုပ်ကတကယ်ပဲမျက်နှာရူးရုပ်ပေါက်နေတာလား .. ဟိုတစ်နေ့ကျ ကျခဲ့တဲ့ပိုက်ဆံအိတ်လေးပြန်ပေးမလို့ နာမည်မေးမိတာလိုက်တာ အဆဲခံလိုက်ရတယ် .. သို့ပေမဲ့ ဆဲသွားတာလေးက အူယားစရာလေး။

ပြုံးစစဖြင့် ခြေဆောင့်ထွက်သွားသည့် အပုလေး၏ ကျောပြင်ကိုငေးကြည့်နေရာမှ ...

" ဘာကြည့်နေကြတာလဲ "

ထိုင်ခုံမှာပြန်ဝင်ထိုင်ရင်း သူ့ကိုဝိုင်းကြည့်နေကြသည့်နှစ်ယောက်ကို မေးငေါ့ကာမေးလိုက်သည် ။ အချစ်ကိုးကွယ်သူတဖြစ်လဲ အချစ်၏ကျေးကျွန် အမောင်သင်္ချေကတော့ ကောင်တာဘက်ကို ပြုံးပြုံးကြီးမေးထောက်ကြည့်နေသည်ကအကြည်နဲ့တင်ဗိုက်ရစေနိုင်လောက်သည်။

တစ်ဖက်တွင် ရှူးရှူးရှဲရှဲဖြစ်နေသည့် လူကြောင့် ကြည်နူးတို့နှစ်ယောက်မှာငြိမ်နေရသည်။ မဟုတ်ရင်သူတို့ကိုပါ လာပတ်ရမ်းနိုင်သဖြင့်။ ပြည့်ပြည့်က ဒေါသထွက်လွယ်သလို မကျေနပ်ရင်အကုန်လုံးနဲ့ရန်ပတ်ဖြစ်တတ်၏။

" ဘာဖြစ်လာတာလဲကွာ! ဟိုလူနဲ့မင်းကသိလို့လား "

သျှင်းထက်က အခြေအနေအကျိုးအကြောင်းကိုမေးတော့ ပြည့်ပြည့်ကလေပူတစ်ချက်ကိုမှုတ်ထုတ်ကာဖြင့် ..

My Boyfriend is a Billonaire ( Complete)Where stories live. Discover now