Part 30 ⚠︎

18.1K 591 13
                                    

Uni

အလုပ်ဆင်းခါနီး၌ Emergency Case တစ်ခုပေါ်လာသဖြင့် သူ၏အလုပ်ဆင်းချိန်မှာ နောက်ကျသွားရတော့သည်။ သည်းငယ်နဲ့အတူနေထိုင်စဉ်ကတည်းက Night Duty မဆင်းဖြစ်တော့ပါ။ သို့ပေမဲ့ အရေးကြီးကိစ္စများဆိုလျှင်တော့ ချက်ချင်းခေါ်ဆောင်ဖို့ မှာကြားထား၏။

Condo ကိုရောက်တော့လည်း မှောင်မဲကာ တိတ်ဆိတ်နေ၏။ သည်းငယ်၏ အသံလဲမကြား။ မနက်ကကိစ္စကြောင့် သူ့ကိုစိတ်ဆိုးပြီး အိမ်များပြန်သွားသလားမသိ။ အိမ်၏ဖွဲ့စည်းပုံကိုရင်းနှီးနေသည်ကြောင့် အမှောင်ထဲ၌သာ ဧည့်ခန်းသို့သွားပြီး ဆိုဖာမှာဝင်ထိုင်လိုက်၏။ ပင်ပန်းသါားရသဖြင့် အနောက်ကိုခေါင်းမှီကာ မျက်လုံးမှိတ်ပြီးမှိန်းနေလိုက်၏။ ရုတ်တရက်မီးလင်းလာပြီး...

" Happy Birthday "

" Shit!! "

ကျယ်လွန်းသည့်အသံများကြောင့် လန့်တောင်လန့်မိသည်။ ထို့နောက် တဟားဟားအော်ရီနေကြသူများကို ကြည့်လိုက်တော့ သူ၏မိဘများနှင့်အတူ သူ၏သူငယ်ချင်းများကို တွေ့လိုက်ရ၏။ ထိုအခါမှသာ ဒီနေ့သူ့မွေးနေ့မှန်းသတိရ၏။ ဒီရက်ပိုင်း စိတ်ပင်ပန်း၊လူပင်ပန်းနှင့်ဘာကိုမှသတိတရမရှိ။

" Happy Birthday သားကြီး မေ့မေ့ကလေးလေးက အူဝဲကနေဒီအရွယ်ထိတောင်ရောက်လာပြီနော် "

သူ၏မျက်နှာကိုညင်ညင်သာသာထိတွေ့ရင်းဖြင့် မေမေကဆိုလာ၏။ မျက်ဝန်းတွင်း၌လည်း မျက်ရည်စများဝေ့သီနေ၍ သူ၏ကြီးပြင်းလာမှုကိုဂုဏ်ယူနေဟန်ရှိသည်။

" Happy Birthday သားကြီး .. လက်ဆောင်ဘာယူချင်လဲ "

ဖေဖေကပခုံးကိုပုတ်ကာဆိုတော့ နွမ်းနယ်နေသည့်ကြားမှကြည်လင်စွာပြုံးမိသွား၍ ...

" ဖေဖေတို့မေမေတို့နဲ့တွေ့ဆုံရတာက သားအတွက်ဆုလာဒ်တစ်ခုပါ ဘာမှမလိုချင်ဘူးဖေဖေ ပေးချင်တယ်ဆိုရင်တော့ သည်းငယ်ကိုလိုက်တောင်းပေး "

ဟု အဖျားခြူးကာပြောင်စပ်စပ်တုံ့ပြန်လိုက်တော့ ဖေဖေက တက်ကြွစွာပြောသည်။

" မင်းသာပိုင်အောင်လုပ်ထား ငါကတင်တောင်းမဲ့ပစ္စည်းစုထားပေးမယ် "

My Boyfriend is a Billonaire ( Complete)Where stories live. Discover now