Part 27

11.5K 614 2
                                    

Uni

နှိုးစက်သံမြည်လာတော့ တစ်ဖက်ကလူမနိုးသွားအောင် ပြန်ပိတ်လိုက်ပြီး အိပ်ယာမှထလိုက်သည်။ အရင်ဆုံး  ရေခဲသေတ္တာထဲကနို့ဘူးကိုထုတ်သောက်လိုက်ပြီး Bathroom ထဲဝင်ကာ ကိုယ်လက်သန့်စင်လိုက်သည်နောက် ညအိပ်ဝတ်စုံကိုပါတစ်ဆက်တည်း လဲလိုက်၏။  ထို့နောက် ဘုရားခန်းထဲသို့ဝင်ကာ ဆီမီး၊ရေချမ်းတို့ကို ကပ်လှူပူဇော်လိုက်ပြီး ဘုရားဝတ်ပြုလိုက်၏။

" ဒီနေ့အလုပ်သွားရမယ်မလား .. သည်းငယ် ထတော့လေ "

နှိုးနေသည့်ပုံစံကနူးနူးညံ့ညံ့ဖြင့် ငါးနှစ်သားကလေးကို မူကြိုသွားဖို့ဆော်ဩနေသလို။ သျှင်းထက် မျက်လုံးကိုခပ်ဖွဖွဆွဲပွတ်လိုက်ရင်း မပီမသအသံဖြင့်ဖြေသည်။

" ငါအိပ်ချင်သေးတယ် "

" ဘယ်လိုလုပ်ရမလဲ ... မောင်ကဒီနေ့ Emergency Case ရှိလို့စောစောသွားရမှာ "

" အာ! ထပြီ ထပြီ "

ဆတ်ခနဲငုတ်တုတ်ထထိုင်ပြီး နှုတ်ခမ်းကိုဆူပေးလာတဲ့ အကောင်ပေါက်လေးရယ်ပါ။ သင်္ချေလည်း ခပ်ဖွဖွထိတွေ့လိုက်ပြီး Bathroom ထဲသို့ချီဝင်သွားလိုက်သည်။

" သန့်ရှင်းရေးလုပ်ပေးမယ် ငြိမ်ငြိမ်နေနော် "

သျှင်းထက်လည်းငြိမ်ငြိမ်လေးနေပေးလိုက်ပါသည်။ ဒီနေ့ အရေးကြီးတဲ့ကိစ္စရှိတယ်ဆိုတော့ အအေးပက်မှာစိတ်မပူရဘူးလေ .. မဟုတ်ရင် နှစ်ယောက်လုံးအလုပ်ပျက်မည့်နေ့တစ်နေ့ဖြစ်သွားနိုင်တယ်။

" အာ့! မောင့် ဖြေးဖြေးလုပ်စမ်းပါ "

" ပါးစပ်ပိတ်ထားပေးပါလား .. သည်းငယ်ရယ် ဒီနေ့အလုပ်ရှိပါတယ်ဆို .. အောက်ကကောင်ကိုနှိုးမနေနဲ့ "

" အဲ့တာဆို မောင်ကဖြေးဖြေးထုတ်လေ! "

မကျေမနပ်ဖြင့်ရန်ပြန်တွေ့လိုက်တော့ ဘီလူးစွယ်များပေါ်အောင်ပြုံးရင်း မနိုင်ဘူးဆိုတဲ့ပုံစံနဲ့ကြည့်နေသည်။

" အင်းပါ "

အောက်ပိုင်းကိုသန့်ရှင်းရေးလုပ်ပေးရင်း ခန္ဓာကိုယ်အနှံ့သူခြယ်မှုန်းထားသော အနုပညာလေးတွေကို အသေးစိပ်ရေတွက်ကြည့်လိုက်သည်။ ရင်ဘတ်နားတွင် သွေးစို့နေသော သွားကိုက်ရာတစ်ခု .  အသားကဖြူသဖြင့် ထင်းအောင်ပေါ်နေသည်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now