Part 26

12.3K 641 10
                                    

Uni

သျှင်းထက်တို့၏နေ့ရက်တွေကို ပုံမှန်တိုင်းသာဖြတ်သန်းရင်း ရာသီကူးပြောင်းစအချိန်ကိုရောက်ရှိလာ၏။ မောင်နဲ့သူရဲ့နေ့ရက်တိုင်းဟာလည်း တစ်တီတူးလိုက် ချစ်ကြည်နူးလိုက်နဲ့ပင်ကုန်ဆုံးနေ၏။

Company ၏အခြေအနေအားလုံးမှာလည်း အဆင်ပြေလျက်သာရှိ၏။ ထို့အပြင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကလည်း တစ်စတစ်စအောင်မြင်လျက်ရှိ၍ ရှယ်ယာဈေးများကလည်းယခင်ထက်နှစ်ဆတက်လာသည်။ Company ကိုသူဦးဆောင်ပြီးနောက်ပိုင်း ပိုမိုအောင်မြင်ကျော်ကြားလာသည်ကြောင့် ရှယ်ယာရှင်အဖိုးကြီးတစ်သိုက်၏ သဘောကျခြင်းကိုပင်ခံနေရသည်။ ထို့အတူ သမီးရှိသည့် ဘိုးတော်များ၏ ကြောင်းလမ်းမှုများကိုလည်း ပါးနပ်စွာရှောင်တိမ်းနေရသည်။

" မြတ်သူရေ အကို့ကိုလက်မှတ်ထိုးရမဲ့စာရင်းတွေယူလာပေးပါ "

သျှင်းထက်၏စကားဆုံးသည်နောက် ဖိုင်တစ်ပေါ့တစ်ပိုက်နဲ့မြတ်သူဝင်ရောက်လာသည်။ ဖိုင်တွေကိုသူ့အရှေ့မှာချပြီး ပါးစပ်ကလဲကရားရေလွှတ်သလို စပြော၏။

" စစ်ပြီးသားစာရင်းတွေပါ ခဏနေရင်ရှယ်ယာရှင်အစည်းအဝေးရှိသလို၊ နေ့လည်ကျ မနှိုင်းကြည်ပြာနဲ့ YC's Air Construction ကိုစစ်ဆေးရမှာပါ .. ညနေကျရင်က Ruby Company ရဲ့နှစ်ပတ်လည်ပွဲဖိတ်ထားပါတယ်.."

" မြတ်သူ .. မင်းငါ့ကိုခိုင်းသတ်ဖို့များစဉ်းစားထားတာလား "

သျှင်းထက်ကရွဲ့မေးလိုက်တာဖြစ်သော်လည်း မြတ်သူက ခပ်တည်တည်ပင် ..

" အကို အကြွေးတင်နေတာတွေပါ၊ ဒါတောင်တစ်ချို့ကိစ္စတွေ ကျွန်တော်ပဲ ကိုင်တွယ်လိုက်ရတာရှိသေးတယ် "

" မင်းကို .. နောက်ဆုံး Project ပြီးရင် ခွင့်ရက်ရှည်ပေးမယ် "

" ကျေးဇူးပါ .. ကျွန်တော်သွားပါဦးမယ် "

သျှင်းထက် မြတ်သူထားပေးခဲ့သည့်စာရင်းတစ်ပုံကို လက်မှတ်ထိုးရင်းကျန်နေခဲ့သည်။ ခုရက်ပိုင်း မနှိုင်းက သူ့ကိုဘာပြသနာမှလဲမရှာသလို ထေ့ထေ့ငေါ့ငေါ့လည်းမပြောပေ။ အခွင့်အခါစောင့်နေတာဖြစ်လိမ့်မည်။

My Boyfriend is a Billonaire ( Complete)Where stories live. Discover now